Pusaka
ဝီဆန်ကိုစံအိမ်ဆိုတာက ရှေးဟောင်းပစ္စည်းတွေကို ရူးသွပ်စွာစုဆောင်းတဲ့သူဌေးကြီးတစ်ဦးပိုင်ဆိုင်တဲ့စံအိမ်ဖြစ်ပါတယ်။ ဒီစံအိမ်ကြီးကို ပြတိုက်အဖြစ်အသွင်ပြောင်းဖို့ ကြိုးစားခဲ့ပေမယ့် အခြေအနေတချို့ကြောင့် နှောင့်နှေးခဲ့ရပါတယ်။ ဒါကြောင့် သူဌေးကြီးက သေတမ်းစာအနေနဲ့ သားနဲ့သမီးဖြစ်တဲ့ ရန်ဒီနဲ့ဘီအန်းကို တာဝန်ပေးခဲ့ပါတယ်။ စံအိမ်ကြီးကို ပြတိုက်အဖြစ်ပြောင်းလဲဖို့ အလုပ်အပ်ခံရတဲ့ ပရောဂျက်လုပ်မယ့်အဖွဲ့ စစ်တမ်းကောက်ယူဖို့ရောက်လာခဲ့ပြီး သူတို့အားလုံးစံအိမ်ကြီးမှာပဲ နေထိုင်ဖို့ဖြစ်လာခဲ့ပါတယ်။ အဲဒီနေ့ညမှာပဲ စံအိမ်ကြီးရဲ့လျှို့ဝှက်ခန်းမတော်တဆပွင့်သွားခဲ့ရာက အဲဒီအခန်းထဲက ကျိန်စာသင့်ပစ္စည်းတစ်ခုက သူတို့ထဲကတစ်ယောက်ကို ပူးကပ်သွားခဲ့ပါတော့တယ်။ ဒီစိတ်ခြောက်ခြားစရာဖြစ်ရပ်ဆိုးကြီးကို သူတို့အဖွဲ့ရင်ဆိုင်ဖို့ဖြစ်လာရပြီး မမေ့နိုင်စရာညတစ်ညအဖြစ် ကြုံတွေ့လာရတဲ့အခါမှာတော့....... ထိတ်လန့်ခြောက်ခြားဖွယ်ရာ သတ်ဖြတ်ခံရမှု ဇာတ်ဝင်ခန်းများစွာနဲ့ သည်းထိတ်ရင်ဖိုစွာ ခံစားကြည့်ရှုရမယ့် အင်ဒိုဟော်ရာကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း