ဇာတ်ကားများ ရွေးရန်

Reversi

2024ဇာတ်ကားWeb-dl 1080p

ငြိမ့်ငြိမ့်လေးနဲ့ မိဘမေတ္တာကို ခံစားရမယ့် မလေးရှားရုပ်ရှင်ဖြစ်ပြီး Rating လည်းကောင်းတာမို့ ကြည့်ရတာ တန်ပါတယ်။ အာကစ်တို့မိသားစုမှာ သူ့ဘိုးဘေးတွေလက်ထက်တည်းက အသက် 18နှစ်ပြည့်ရင် အတိတ်ကို ခရီးသွားနိုင်တဲ့ စွမ်းရည်ပိုင်ဆိုင်ကြပါတယ်။ အမှားတွေကို ပြန်ပြင်ဆင်ခွင့်ရတာပေါ့။ ဒါမဲ့ စည်းကမ်းချက်လေးတွေရှိပြီး လိုက်နာရပါတယ်။ ဖြစ်ကိုဖြစ်လာမယ့် ကံတရားကို လက်မခံဘဲ တိုက်ခိုက်ဖို့ ကြိုးစားရင်တော့ တန်ကြေးပြန်ပေးရမှာပါ။ အထူးသဖြင့် အသက်အန္တရာယ်နဲ့ဆိုင်တဲ့ ဖြစ်ရပ်တွေမှာပေါ့။ အာကစ်ရဲ့အဖေက လမ်းသွားရင်း ဓားပြတိုက်တာကို ကူညီပေးလို့ အသက်ဆုံးရှုံးသွားတာကို မကယ်နိုင်လို့ ပူဆွေးနေရင်း သူချစ်တဲ့သူနဲ့ ဆုံတဲ့အခါမှာ ဘဝကို အသစ်တဖန်ပြန်စနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကံကြမ္မာကို ရှောင်လွှဲမရတာမို့ ချစ်ရသူ‌တွေကို အသက်ဘေးကနေ ကယ်ဖို့ အကြိမ်ကြိမ် ကြိုးစားတဲ့အာကစ်တစ်ယောက် နောက်ဆုံးမှာ သဘောပေါက်လက်ခံသွားတာကို လိုက်ပါစီးမျောခံစားပေးရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း