Whispering Corridors 3: Wishing Stairs
ယွန်းဂျင်ဆောင်းနဲ့ ဂင်ဆိုဟီးတို့ဟာ ကျောင်းမှာအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး ၂ယောက်လုံးက ဘဲလေးအကကကြသူတွေပါ။ ဆရာမတွေက ဂင်ဆိုဟီးကို ပိုအလေးပေးကြပြီး မိဘကပါ ထောက်ပံ့ပေးနိုင်တာမလို့ ပြိုင်ပွဲအတွက်ပိုကြိုးစားဖို့ပြောနေတာကို ယွန်းဂျင်ဆောင်းကြားပြီး မနာလိုဖြစ်သွားခဲ့ပါတယ်။ သူတို့အဆောင်ရှေ့မှာ ဆုတောင်းပြည့်လှေကားလေးရှိပြီး လှေကား ၂၈ ထစ်ကနေ ၁ ထစ်တိုးပြီး ၂၉ထစ်ပေါ်လာရင် ဆုတောင်းပြည့်တယ်လို့ ပြောကြပါတယ်။ သူတို့အတန်းထဲက ဝတုတ်မလေးက အဲဒါကိုအယုံအကြည်ရှိပြီး စမ်းကြည့်တော့ တကယ်ပဲဝိတ်ကျသွားတဲ့အခါမှာ ဂျင်ဆောင်းကပါ သူအရွေးခံရအောင် လှေကားတက်ရင်း ဆုတောင်းခဲ့ပါတယ်။ လူရွေးပွဲနေ့မှာ သူတို့၂ယောက် ဖိနပ်ချင်းလဲကခဲ့ကြပြီး ဆိုဟီးရဲ့ဖိနပ်ထဲမှာ ဂျင်ဆောင်းက ပုလင်းကွဲတွေထည့်ထားခဲ့ပေမဲ့ ဆိုဟီးက အမှားအယွင်းမရှိ ကပြခဲ့လို့ ရွေးချယ်ခံခဲ့ရပါတယ်။ ဂျင်ဆောင်းတစ်ယောက် လှေကားမှာ ဆုတောင်းထားတော့ ဒီလိုရလဒ်ကို ဆုတောင်းပြည့်လှေကားက ဘယ်လိုပြောင်းပြန်လှန်ပြီး သူတို့သူငယ်ချင်း၂ယောက်ကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ထိတ်လန့်ဖွယ်ကြည့်ရှုကြရမှာပါ။ ဒီကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း