Ashes of Time Redux
ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Ashes of Time Redux (2008)ဆိုတဲ့ ဒါရိုက်တာ 王家卫ရိုက်ကူးသော ဟောင်ကောင်ရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ 1994 ခုနှစ်က ရိုက်ကူးခဲ့သည့် [Ashes of Time-1994]အား ပြန်လည်ပြင်ဆင်ရိုက်ကူးထားသော ဗားရှင်းလေးဖြစ်ပါတယ်။ Ashes of Time Redux မှာ ကျော်ကြားသော တရုတ်စာရေးဆရာကြီးကျင်းယုံ၏ "The Legend of the Condor Heroes"ဝတ္ထုမှ ဇာတ်ကောင်များကို အခြေခံရိုက်ကူးထားသော်လည်း မူရင်းဇာတ်လမ်းနှင့် ကွဲပြားခြားနားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း သဲကန္တာရတစ်ခုတွင် တစ်ကိုယ်တည်းနေထိုင်သူ အိုးရန်ဖုန်းဆိုသူသည် မဟာမိတ်ခေါ်ယူပေးသည့်ကြေးစားလူသတ်သမားတစ်ဦး ဖြစ်ပြီး အသက်ငယ်ရွယ်စဉ်က ချစ်မြတ်နိုးခဲ့သူတစ်ဦးကို ဆုံးရှုံးရခြင်းကြောင့် စိတ်ထဲတွင်ထိခိုက်နာကျင်မှုများနဲ့ရှင်သန်နေရသူတစ်ဦးဖြစ်ပါတယ်။၎င်းအဖြစ်အပျက်ကို သဲကန္တာရအတွင်းတွင် တည်ရှိသောသူ့အိမ်သို့ လာရောက်သည့် သူ၏မိတ်ဆွေ ဟွမ်ယောင်ရှစ် အပါအဝင် တခြားမိတ်ဆွေများနှင့်သူ့အတိတ်အဖြစ်အပျက်များကို ဆက်စပ်ကာရိုက်ကူးပြသထားသော ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ Ashes of Time Redux (2008)တွင် ဇာတ်ကောင်တစ်ဦးချင်းစီ၏ မျှော်လင့်ချက်၊ နာကျင်မှု၊ ရဲရင့်မှု၊ သာယာချိုမြိန်မှုများနှင့် ပျက်သုန်းသွားသော အချစ်ဇာတ်ကြောင်းများ ပါဝင်ပါတယ်။ဇာတ်ကားကို ဇာတ်ကြောင်း ၅ မျိုးဖြင့် တင်ဆက်ထားပြီး စိတ်ခံစားမှုကိုအခြေခံ ဖန်တီးရိုက်ကူးထားသော ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ ပုံမှန် wuxia ဇာတ်ကားများနှင့် မတူဘဲစိတ်ခံစားမှုကို အလေးပေးရိုက်ကူးထားသည့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ NayChii ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း