ဇာတ်ကားများ ရွေးရန်

Ash

2025ဇာတ်ကားWeb-dl 4K SDR

Alien ကားကိုမှ Psychological Horrorနဲ့ Space Sci-fi ပေါင်းစပ်ထားပြီး ကပ်ပါးလို ကူးစက်တာမျိုးပါ ထည့်ထားတော့ ရသမျိုးစုံကို တစ်ခါတည်း ခံစားရမှာပါ။ ရီယာနဲ့သူ့သူငယ်ချင်းအဖွဲ့သားတွေဟာ ကမ္ဘာမြေနဲ့ အသွင်အပြင်တူတဲ့ဂြိုလ်ပေါ်မှာ လူသားတွေ နေထိုင်လို့ရအောင် ပြောင်းလဲဖို့ မစ်ရှင်လုပ်နေပါတယ်။ ဒီဂြိုလ်ကိုလည်း Ash ဆိုပြီး နာမည်ပြောင်ပေးထားပါတယ်။ ဒီမစ်ရှင်အောင်မြင်ဖို့ ကမ္ဘာ‌မြေပေါ်က သူတို့ဘဝတွေနဲ့အရာအားလုံးကို စတေးထားရတာပေါ့။ ဒါမဲ့ သူတို့စခန်းအပြင်ထွက်ပြီး ဂြိုလ်ပေါ်မှာလေ့လာရင်း ဘာတွေဖြစ်ကုန်မှန်းမသိဘဲ ရီယာသတိရလာတဲ့အချိန်မှာ သူ့အဖွဲ့သားတွေ ရက်ရက်စက်စက် အသတ်ခံထားရတာကို တွေ့လိုက်ရပါတယ်။ ရီယာကိုယ်တိုင်ကလည်း ဖြစ်ခဲ့တာတွေကို အမှတ်မရဘဲ သူဘယ်သူလဲဆိုတာပါ မေ့နေတဲ့အခါ သူ့သူငယ်ချင်းတွေရဲ့ သေဆုံးမှုက ဘာကြောင့်လဲ...ဂြိုလ်ပေါ်မှာ တခြားသက်ရှိတွေ ရှိနေတာလား သိရဖို့ ကြိုးပမ်းရပါတော့တယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း