Blood Debt or Hutang Nyawa
ဒီဇာတ်ကားလေးကတော့ ပုံမှန်ကြည့်နေကျ သရဲကားတွေကနေ ကွဲထွက်နေတဲ့ အင်ဒို horror ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်ဖန်တီးထားမှုက လက်တွေ့အပြင်ဘဝမှာ ကြားဖူးနားဝရှိကြတဲ့ ပုံစံမျိုးတွေမို့ ပိုပြီးထိတ်လန့်ခြောက်ခြားစေရမှာပါ။ အဓိကဇာတ်လိုက်ဖြစ်တဲ့ အယ်ဝီနာဟာ အကြွေးပတ်လည်ဝိုင်းနေပြီး သူ့ကိုမလိုမုန်းတီးနေတဲ့ အမေနဲ့ ပြဿနာအိုး အစ်ကိုရီအန်း၊ သားဖြစ်သူ ဂျိုဒီတို့နဲ့အတူ ဘဝကိုရုန်းကန်နေရတဲ့သူပါ။ အယ်ဝီနာ့အမေကတော့ လက်မထပ်ပဲကလေးမွေးခဲ့တဲ့ အယ်ဝီနာ့အပေါ် မျက်မုန်းကျိုးနေခဲ့ပါတယ်၊ အကြွေးပတ်လည်ဝိုင်းနေတဲ့ သူတို့မိသားစုကိုမှ ကံကြမ္မာဆိုးဝင်ပြီး သားဖြစ်သူဂျိုဒီကို မတော်တဆမှုနဲ့ ဆေးရုံတင်ဖို့ဖြစ်လာတဲ့အချိန်....ဖခင်ဖြစ်သူရဲ့မိတ်ဆွေဟောင်းဆိုသူမှ လူသူကင်းဝေးတဲ့ပါတိတ်စက်ရုံတစ်ရုံမှာ အလုပ်လုပ်ဖို့ကမ်းလှမ်းလာတဲ့အချိန်....အခြေအနေအရပ်ရပ်ကြောင့် အဲဒီစက်ရုံကို အလုပ်သွားလုပ်ဖို့ အယ်ဝီနာ ဆုံးဖြတ်ခဲ့ရပါတယ်၊ အယ်ဝီနာရောက်သွားတဲ့ အဲဒီပါတိတ်စက်ရုံကြီးက ဘယ်လိုမျိုးဖြစ်နေမလဲ၊ သူ မြင်နေရတာတွေက လက်တွေ့လား ပုံရိပ်ယောင်တွေလား အနှောင့်ပယောဂတွေပါနေမလားဆိုတာကို ထိတ်လန့်ခြောက်ခြားဖွယ် ဇာတ်ကွက်များနဲ့ ခံစားရမယ့် အင်ဒို horror ကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း