Locked
Survival Horror မျိုးကိုမှ တောအုပ်ထဲ ပြေးလွှားနေရတာမျိုး ရေအောက်မှာ မိုးပေါ်မှာ အသက်ရှင်ဖို့ ရုန်းကန်ရတာမျိုးမဟုတ်ဘဲ ကားတစ်စီးထဲမှာ ညှင်းဆဲခံရပြီး အပြင်ထွက်ရဖို့လုံးပန်းရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ အက်ဒီဟာ မိန်းမဖြစ်သူနဲ့ကွဲနေပြီး သမီးလေးကို အလှည့်ကျ ကြည့်ရတဲ့ ပစ္စည်းပို့သမားတစ်ယောက်ပါ။ ဘဝတစ်လျှောက်လုံး လက်ကြောမတင်း ခင်ပွန်းကောင်း ဖခင်ကောင်းမဖြစ်ဘဲ လစ်ရင်လစ်သလို ခါးပိုက်နှိုက်လုပ်ပါသေးတယ်။ ဒီတစ်ခေါက်မှာတော့ အဖိုးတန် SUV ဇိမ်ခံကားကြီးကိုတွေ့ပြီး အလစ်သုတ်ဖို့ ကြံမိတာမှာ ဂြိုလ်ဆိုးဝင်တော့တာပါပဲ။ အဲကားကြီးက အက်ဒီဝင်လိုက်တာနဲ့ အကုန်လော့ကျသွားပြီး ပြန်ထွက်မရတော့ပါဘူး။ အသံလုံ ကျည်ကာမှန်တွေဖြစ်တဲ့အပြင် လျှပ်စစ်ဓာတ်တွေပါ လွှတ်ထားပါသေးတယ်။ ပြီးတော့ အဝေးက လူက ထိန်းချုပ်မောင်းနှင်နိုင်ပါတယ်။ အက်ဒီကို ဒီကားထဲ ပိတ်ထားတဲ့လူရဲ့ ရည်ရွယ်ချက်က ဘယ်လိုရှိမလဲ...ဘယ်လို အတွေးအခေါ်ဒဿနိကတွေနဲ့ ဒီလိုလုပ်ထားတာလဲဆိုတာ စိတ်ဝင်စားဖွယ် ဆက်ကြည့်ရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း