ဇာတ်ကားများ ရွေးရန်

Havoc

2025ဇာတ်ကားWeb-dl 4K SDR

မင်းသား Tom Hardy ရဲ့ အမိုက်စားအက်ရှင်ဇာတ်ကားသစ် ဖြစ်ပါတယ်။ ‘ပက်ထရစ်’ဆိုသူက နိုင်ငံရေးသမား အကောင်ကြီးကြီးတစ်ကောင်ရဲ့ အရှုပ်ထုတ်မှန်သမျှကို လိုက်ရှင်းပေးရတဲ့ အကျင့်ပျက်ရဲတစ်ယောက် ဖြစ်တယ်။ တစ်ရက်ကျ အဲ့ဘိုးတော်ရဲ့ သား ‘ချာလီ’က တရုတ်ဂိုဏ်းတစ်ဂိုဏ်းနဲ့ သွားပတ်သက်မိတယ်ပေါ့။ ဖြစ်ချင်တော့ သူ သွားလိုက်တဲ့နေ့မှာပဲ အဲ့မှာရှိတဲ့လူအားလုံးက အသတ်ခံလိုက်ရတယ်။ ပက်ထရစ်အပါအဝင် ရဲတွေရောက်လာကြတော့ စီစီတီဗွီမှာ ဘိုးတော်ရဲ့ သားပုံက အပြူးသားပါလာတယ်။ ဒီတော့ ဘိုးတော်က သူ့သားကိုကယ်ထုတ်ပေးဖို့ ပက်ထရစ်ကို တာဝန်ပေးတော့တာပေါ့။ တစ်ဖက်က တရုတ်ဂိုဏ်းမှာ အသတ်ခံလိုက်ရတာကကျ ဂိုဏ်းခေါင်းဆောင်ဘွားတော်ရဲ့ သားငယ်ဆိုတော့ ဘွားတော်ကရေလည်တင်းပြီး သတ်သွားတဲ့ကောင်ကို သူကိုယ်တိုင်သမမယ်၊ အကောင်ကြီးတာတွေ အမြီးရှည်တာတွေ ဂရုမစိုက်ဘူးဆိုပြီး ကမ္ဘာရဲ့တစ်ဖက်ခြမ်းထိ ရောက်အောင်လာတော့တာပဲ။ အဲ့ဘွားတော်ရဲ့ ဂိုဏ်းကလည်း ပက်ထရစ်လို အကျင့်ပျက်ရဲတွေကို ခါးကြားထိုးထားတာ။ ဒီတော့ ပက်ထရစ်တစ်ယောက် ချာလီကို အကျင့်ပျက်ရဲတွေရဲ့လက်ထဲကရော၊ ဂိုဏ်းတွေရဲ့ တိုက်ပွဲကြားထဲကရော ကယ်တင်ပေးနိုင်ပါ့မလား။ အညွှန်းနဲ့ ဘာသာပြန်ကတော့ LYKZ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း