Fur: An Imaginary Portrait of Diane Arbus
ဒီဇာတ်ကားက နာမည်ကျော် ဓာတ်ပုံဆရာ Diane Arbus ရဲ့ ဘဝကို စိတ်ကူးယဉ်ဆန်ဆန် ပုံဖော်ထားတဲ့ ဒရာမာဇာတ်ကားတစ်ကားဖြစ်ပါတယ်... ဇာတ်လမ်းက ၁၉၅၈ ခုနှစ် နယူးယောက်မြို့မှာ စတင်ပြီး Diane Arbus (Nicole Kidman) ဟာ သူမရဲ့ ဓာတ်ပုံဆရာခင်ပွန်း Allan (Ty Burrell) ရဲ့ လက်ထောက်အဖြစ် အိမ်ထောင်ရှင်ဘဝမှာ ပိတ်မိနေတဲ့ အမျိုးသမီးတစ်ဦးအဖြစ် စတင်ပေါ်ထွက်လာပါတယ်။ သူမရဲ့ တည်ငြိမ်ပြီး သမားရိုးကျဘဝဟာ အိမ်နီးချင်း လျှို့ဝှက်ဆန်းကြယ်တဲ့ Lionel Sweeney (Robert Downey Jr.) နဲ့ တွေ့ဆုံတဲ့အခါ ပြောင်းလဲသွားပါတယ်။ Lionel ဟာ သူ့ရဲ့ ထူးခြားတဲ့ ရုပ်ရည်နဲ့ အနုပညာဆန်တဲ့ စိတ်ဓာတ်ကြောင့် Diane ရဲ့ စူးစမ်းလိုစိတ်ကို နှိုးဆွပေးပြီး သူမရဲ့ ဖိနှိပ်ထားတဲ့ အနုပညာစိတ်ကို လွတ်မြောက်စေပါတယ်။ Lionel ရဲ့ လွှမ်းမိုးမှုအောက်မှာ Diane ဟာ သူမရဲ့ ကိုယ်ပိုင်အနုပညာခရီးကို စတင်ပြီး လူ့အဖွဲ့အစည်းရဲ့ အစွန်းရောက်တွေနဲ့ ထူးခြားသူတွေကို ဓာတ်ပုံရိုက်ဖို့ ရဲဝံ့လာပါတယ်။ အဆုံးသတ်မှာ Diane ရဲ့ အနုပညာခရီးနဲ့ Lionel နဲ့ ဆက်ဆံရေးရဲ့ နောက်ဆက်တွဲကို ရှင်းရှင်းလင်းလင်း ဖြေရှင်းမပြတဲ့အပြင် Diane ရဲ့ လွတ်မြောက်မှုဟာ တကယ်ပဲ ပြီးပြည့်စုံခဲ့လား၊ ဒါမှမဟုတ် သူမရဲ့ ရှာဖွေမှုဟာ ပိုမိုနက်ရှိုင်းတဲ့ မေးခွန်းတွေဆီ ဦးတည်နေတာလားဆိုတာကို ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ပါ..... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zeke ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း