ဇာတ်ကားများ ရွေးရန်

Hell of a Summer

2023ဇာတ်ကားBlu-ray 1080p

Horror ကားကိုမှ ဟာသ ​နှောထားတဲ့ ဇာတ်ကား​ကောင်း လာပါပြီ။ အ​ပျော်စခန်း ပိုင်ရှင်​တွေဖြစ်တဲ့ ဂျွန်နဲ့ ကက်သီက တစ်ညမှာ ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရပါတယ်။ အဲဒီကိစ္စကို မသိဘဲ တစ်​နေ့ကျ​တော့ အ​ပျော်စခန်းထွက်သူ​တွေ ​ရောက်လာကြပါတယ်။ အဲဒီထဲမှာ ​ဂျေဆင် ဆိုသူလည်း ပါဝင်ပြီး ဂျွန်နဲ့ ကက်သီ မရှိ​ချိန် သူက ​စခန်းခေါင်း​ဆောင်အ​နေနဲ့ ဦး​ဆောင်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ အဖွဲ့ထဲက တစ်​ယောက်ပြီး တစ်​ယောက် အသတ်ခံရပါ​​တော့တယ်။ အဲဒီကိစ္စကို ဂျေဆင်က သတိပေး​​ပေမဲ့ အားလုံးက ​နောက်​နေတယ်လို့ပဲ ထင်ကြပါတယ်။ ​​နောက်​တော့ ​​သေဆုံး​နေသူ​တွေကို မျက်မြင် ​တွေ့တော့မှ လန့်ဖျပ်ပြီး ထွက်​ပြေးဖို့ လုပ်​ပေမဲ့ ကားက စက်နှိုးလို့ မရခဲ့ပါဘူး။ ဒါ့အပြင် ဖုန်း​တွေလည်း မရှိ​တော့တာမို့ အကူအညီ တောင်းမရ ဖြစ်​နေခဲ့ပါတယ်။ သူတို့လည်း မတတ်နိုင်တဲ့အဆုံး အခန်းထဲ ပိတ်​နေခဲ့ပါတယ်။ ဒါ​ပေမဲ့ ​ဂျေဆင်ကို လူသတ်သမားလို့ သံသယ ဝင်လာတဲ့အခါ ဘာ​တွေ ဆက်ဖြစ်ကြမလဲ။ တရားခံကို ဖမ်းမိမှာလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ ​ကြည့်ရှုခံစားလိုက်ကြပါဦး။ ဒီဇာတ်ကားအတွက် အညွန်း​​ရေးသားသူနှင့် ဘာသာပြန်မှာ Poe Yin Thar ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း