ဇာတ်ကားများ ရွေးရန်

Whispering Corridors

1998ဇာတ်ကားWeb-dl 1080p

အစဥ်အလာကြီးမားတဲ့ နာမည်ကြီး ကိုရီးယားသရဲကားစီးရီးဖြစ်တဲ့ Whispering Corridors(စင်္ကြံထက်မှ တီးတိုးသံများ)ရဲ့အမြစ်စတွယ်ရာ ဇာတ်လမ်းဖြစ်ပြီး IMDb Rate 5.9 ရရှိထားတဲ့ Old but Gold ရုပ်ရှင်တစ်ပုဒ်လဲ ဖြစ်ပါတယ်။ လူတစ်ယောက်စီအတွက် အကောင်းအဆိုး ရောယှက်နေတဲ့ အမှတ်ရစရာမျိုးစုံကို ယူဆောင်ပေးတတ်တဲ့ "ကျောင်း"ဆိုတဲ့ နေရာမျိုးမှာ ကျောင်းသူတစ်ယောက်၊ ဆရာမတစ်ယောက်၊ ဆရာတစ်ယောက် ဘဝဇာတ်သိမ်းမလှဘဲ ဆုံးထားရင်တော့ အဲဒီကျောင်းက ခြောက်ခြားစရာကောင်းနေမှာ အမှန်ပါပဲ။ အထက်တန်း တတိယနှစ်ရောက်ရင် ဖိအားတွေ များလာတာနဲ့အမျှ သူငယ်ချင်းကောင်းတွေလဲ ရှားလာတတ်တာ သဘာဝဆိုပေမဲ့ ဒုတိယနှစ်အထိ အထီးကျန်နေသူ ယွန်ဂျယ်အီ(Choi Kang Hee)ကတော့ တတိယနှစ်ရောက်မှ သူ့အပေါ် စိတ်ရင်းနဲ့ ခင်ပေးမဲ့ အင်ဂျီအို(Kim Gyu Ri)ဆိုတဲ့ ပန်းချီဝါသနာအိုး သူငယ်ချင်းကောင်းလေး ပေါ်လာပါတော့တယ်။ သူတို့ရဲ့အရင်အတန်းပိုင် "မြေခွေးအိုမကြီး"ကတော့ ကျောင်းမှာတင် ပဟေဠိဆန်ဆန် သတ်သေသွားတာဖြစ်ပြီး လက်ရှိအတန်းပိုင်ဆရာ "ခွေးရူး"ကလဲ စာမှစာပဲ အားပေးသလိုလိုနဲ့ နှာမှနှာထနေတဲ့ နှာဘူးဆရာတစ်ယောက်ဖြစ်နေလေရဲ့..။ အဲဒီနှာဘူးခွေးရူးဆရာဟာ စာကလွဲပြီး ကျန်တာဆိုရင် သရဲခေါ်တာကအစ ကျွမ်းကျင်တဲ့ အင်ဂျီအိုနဲ့တော့ ရန်သူတော်ကြီးပေါ့။ တစ်နေ့မှာတော့ နှာဘူးခွေးရူးဆရာခမျာ ပျောက်ချင်းမလှပျောက်သွားပြီး စာသင်ခန်းထဲမှာ သွေးစီးကြောင်းတစ်ခု ပေါ်လာပါလေရော။ တစ်ဖက်မှာတော့ အတန်းပိုင်ဟောင်း မြေခွေးအိုမကြီးရဲ့နောက်ဆုံးစကားကြောင့် လိုက်စုံစမ်းနေတဲ့ ဆရာမပေါက်စလေး ဟောအွန်ယောင်း(Lee Mi Yeon)တစ်ယောက် သူ့သူငယ်ချင်း ဂျင်ဂျူဟာ ဒီကျောင်းမှာ မတရားသဖြင့် သေသွားရပေမဲ့ ဒီကျောင်းလေးကိုပဲ စွဲလမ်းစိတ်ကြောင့် မကျွတ်နိုင်သေးမှန်း သေချာ သိသွားပါတော့တယ်။ ဒီသရဲကားဟာ အသံနဲ့ ရုပ်နဲ့ ဟိုကနေ ပေါ်လာလိုက် ဒီကနေ ပေါ်လာလိုက် ဖြဲခြောက်နေတာမျိုး မဟုတ်ဘဲ အတွေးနယ်ချဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ဒီဇာတ်လမ်းတစ်လျှောက်လုံး အဆုံးအထိ ဆွဲခေါ်နိုင်တဲ့အချက်ကတော့ "ကိုးနှစ်လုံးလုံး ငြိမ်လာပြီးမှ ဂျင်ဂျူက ဘာလို့ လူသတ်ရတဲ့အထိ ထခြောက်လှန့်ရတာများလဲ.."ဆိုတာပါပဲ။ ကြည့်ရှုသူတွေအနေနဲ့ သူငယ်ချင်းကောင်းဆိုတာ ဘယ်လိုမျိုးလဲလို့ အတွေးနယ်ချဲ့ရင်း ရင်တထိတ်ထိတ် ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ကြောင်း ညွှန်းဆိုပါရစေရှင်။ ဘာသာပြန်နှင့် အညွှန်းတင်ဆက်သူ - ခန့်ကြော့ဇင်

ဇာတ်လမ်းအကြောင်း