ဇာတ်ကားများ ရွေးရန်

Poison Sangga: The Homewrecker's Curse

2024ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကား​လေးက​​​တော့ ဖြစ်ရပ်မှန်ဇာတ်လမ်း​လေးကို အ​ခြေခံရိုက်ကူးထားတဲ့ အင်ဒို​ဟော်ရာကား​လေးဖြစ်ပါတယ်။ ညားခါစစုံတွဲကို ကွဲကွာ​စေချင်လို့ ​အောက်လမ်းပညာနဲ့ ကျိန်စာတိုက်ခံထားတဲ့အ​ကြောင်းကို ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ မာယာနဲ့ ဒွန်မာတို့ဟာ သူငယ်ချင်းမကရည်းစားမကျဆက်ဆံ​ရေးရှိထားတဲ့ သူငယ်ချင်း​တွေပါ။ မာယာဟာ အိမ်​ထောင်ပြုပြီး သာယာတဲ့မိသားစုဘဝကို အမြန်ဆုံးတည်​ဆောက်ချင်သူဖြစ်ပြီး သူ့ကိုတကယ်မြတ်နိုးတယ်ဆိုရင် သူ့အ​ဖေဆီလာ​​တောင်းရမ်းယူဖို့ ဒွန်မာကို ​ပြောခဲ့ပါတယ်။ ဒွန်မာက​တော့ ​ငွေ​ကြေးစု​ဆောင်းပြီးမှ လက်​ထပ်ရ​အောင်ဆိုကာ သူတို့ဘွဲ့ယူတဲ့​နေ့မှာပဲ သူ့ရွာ​​လေးကို ပြန်သွားခဲ့ပါတယ်။ ဒီလိုနဲ့ မာယာ့ကို လက်ထပ်ယူချင်တဲ့ အန်ဒီဆိုတဲ့အမျိုးသားတစ်ဦး မာယာ့ဘဝထဲကို​ ရောက်လာခဲ့ပါတယ်။ မိဘ​တွေကလည်း သ​ဘောတူကြည်ဖြူလို့ သူတို့နှစ်ဦး​ရွှေလက်တွဲခဲ့ပါတယ်။ မာယာတို့လက်ထပ်တဲ့ကာလအပိုင်းအခြားကို ​သေချာရိုက်ပြထားပြီး အချိန်နဲ့အမျှ သူတို့အိမ်​ထောင်​​ရေးမှာ အတိုက်အခိုက်​တွေ​ပေါ်လာပြီး ရုန်းကန်ရပုံ၊ သူတို့အိမ်​ထောင်​ရေးကို ပြိုကွဲ​စေချင်တဲ့သူ​တွေရဲ့ကျိန်စာကို သူတို့ရင်ဆိုင်ရပုံ၊ သဘာဝလွန်ဖြစ်ရပ်ဆန်း​တွေ ကြုံ​တွေ့ရပုံစသဖြင့် ထိတ်လန့်စရာဇာတ်ဝင်ခန်းများစွာနဲ့ ခံစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း