ဇာတ်ကားများ ရွေးရန်

Frewaka

2024ဇာတ်ကားWeb-dl 1080p

ရှူးလို့ခေါ်တဲ့ကောင်မလေးဟာသူနာပြုကျောင်းသူတစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူနဲ့မပြေလည်မှုတွေရှိနေတဲ့သူလဲဖြစ်ပါတယ် ရှူးဟာသူမရဲ့ချစ်သူကောင်မလေးနဲ့အတူနေထိုင်လျက်ရှိပါတယ် တစ်နေ့မှာတော့ ရှူးဟာဝေးလံခေါင်ဖျားလှတဲ့အိုင်ဟာလန်ကရွာလေးတစ်ရွာမှာအဘွားတစ်ယောက်ကိုပြုစုစောင့်ရှောက်ဖို့တာဝန်ပေးခြင်းခံခဲ့ရပါတယ် တောတောင်ထဲက‌မှောင်မှောင်မိုက်မိုက်အိမ်မှာပက်ခ်လို့ခေါ်တဲ့အဘွားအိုကိုပက်ခ်တစ်ယောက်ပြုစုစောင့်ရှောက်ပေးရာမှာဘယ်လိုအခက်အခဲတွေကြုံရမလဲ အကြောက်လွန်ရောဂါသည်ဖြစ်ပြီး ရူးနေတယ်လို့ရွာသားတွေကသတ်မှတ်ထားတဲ့အဘွားအိုရဲ့ဂျီကျမှုတွေကိုရှူးတစ်ယောက်သည်းခံနိုင်ပါ့မလား လျှို့ဝှက်ဆန်းကြယ်မှုတွေများပြားလှတဲ့အိမ်ကြီးထဲမှာပက်ခ်နဲ့ရှူးတို့ဘယ်လိုနှစ်ပါးသွားကြမလဲ သည်းထိတ်ရင်ဖိုဇာတ်လမ်းဆိုပေမဲ့ အရမ်းအော်ဟစ်ပြီးကြောက်စရာကောင်းရတာမျိုးမဟုတ်ပဲ ငြိမ့်ငြိမ့်ကလေးအသည်းတလှပ်လှပ်ခြောက်ခြားစွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Yuri ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း