Sneaks
မင်းသား Anthony Mackie၊ Martin Lawrence နဲ့ Laurence Fishburne တို့အသံသရုပ်ဆောင်အဖြစ် ပါဝင်ပေးထားတဲ့ Comedy/ Adventure Animated Film အသစ်တစ်ခု တင်ဆက်ပေးချင်ပါတယ်။ ‘အက်ဒ်ဆင်’ဆိုတဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်က အားကစားဖိနပ်ဂါလာပွဲတစ်ခုကို လာရောက်ရင်း ကံစမ်းမဲပေါက်သွားပါတယ်။ သူကံစမ်းမဲပေါက်သွားတဲ့ဖိနပ်လေးက ဘက်စကက်ဘောသမားတွေ ခုန်တဲ့အခါမှာ ပိုမိုလွယ်ကူအောင်လို့ အထူးထုတ်လုပ်ထားတဲ့ Alchemy 24s ဆိုတဲ့ ဖိနပ်လေးပါ။ အားကစားဖိနပ်ဂါလာဆိုမှတော့ ဖိနပ်စုဆောင်းသူတွေလည်း လာကြပြီး အဲ့ထဲက တကယ့်ဘီးကြဲတစ်ယောက်က အက်ဒ်ဆင်မဲပေါက်သွားတဲ့ ဖိနပ်ကို အသေရရ အရှင်ရရလိုချင်နေသူ တစ်ဦးဖြစ်တယ်။ အက်ဒ်ဆင်က မရောင်းဘူးလို့ အပြတ်ငြင်းလိုက်တဲ့အတွက် အဲ့’စုဆောင်းသူ’က အက်ဒ်ဆင်ရဲ့ အိမ်အထိလိုက်ပြီး ဖိနပ်ခိုးပါတော့တယ်။ ဖြစ်ချင်တော့ ဖိနပ်လေးတွေက အသက်ဝင်နေတာဖြစ်ပြီး ‘မက်ဆင်း’လို့ခေါ်တဲ့ ဖိနပ်တစ်ခြမ်းက အက်ဒ်ဆင်နဲ့ နေချင်တယ်။ ‘တိုင်’လို့ ခေါ်တဲ့ နောက်တစ်ဖက်ကကျ စုဆောင်းသူရဲ့ လက်ထဲမှာ ဇိမ်နဲ့နေချင်တယ်။ ဒါပေမဲ့ စုဆောင်းသူက ဖိနပ်ခိုးပြီး အိမ်ပြန်လာတဲ့လမ်းမှာ တိုင်နဲ့ မက်ဆင်းရန်ဖြစ်ကြရင်း တိုင်က လမ်းတဝက်မှာတင် ပြုတ်ကျကျန်ခဲ့တော့တယ်။ ဒီတော့ ဖိနပ်လေး ၂ ဖက် အချင်းချင်းပြန်တွေ့ကြဖို့ ဘယ်လိုစွန့်စားခန်းတွေ ထွက်ကြရမလဲဆိုတာကတော့...။ အညွှန်းနဲ့ ဘာသာပြန်ကတော့ LYKZ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း