Nonnas
"Nonna"ဆိုတာ အီတလီလို အဘွားလို့ အဓိပ္ပါယ်ရပြီး မိခင်ကွယ်လွန်ပြီးတော့ အမှတ်တရအဖြစ် ဘွားဘွားတွေနဲ့ အီတလီစားသောက်ဆိုင်ဖွင့်ဖို့ ကြိုးပမ်းတဲ့ ဂျိုးရဲ့စိန်ခေါ်မှုတွေကို တင်ဆက်ထားပါတယ်။ ဂျိုးက မက္ကင်းနစ်တစ်ယောက်ဖြစ်ပြီး သူ့အမေဆုံးသွားပြီးနောက်ပိုင်း ပူဆွေးနေရာကနေ မိခင်နဲ့အဘွားကို ဂုဏ်ပြုတဲ့အနေနဲ့ စားသောက်ဆိုင်ဖွင့်ဖို့ အကြံရခဲ့ပါတယ်။ ဂျိုးစိတ်ကူးက သူ့ဆိုင်ကိုလာတဲ့ ဧည့်သည်တွေကို အိမ်ချက်လက်ရာအတိုင်း ချက်ပြုတ်ပေးပြီး မိသားစုလိုမျိုး နွေးထွေးမှုရစေချင်တာပါ။ ဒီလိုနဲ့ သူ့အမေရဲ့အသိအကျွမ်း ဘွားဘွားတွေကိုစည်းရုံးပြီး ဆိုင်ဖွင့်ဖို့ လုံးပန်းပါတယ်။ ဂျိုးရဲ့အချစ်ဆုံးသူငယ်ချင်းကလည်း တတ်အားသရွေ့ ကူညီပါတယ်။ ဒါမဲ့ ကောက်ကာငင်ကာ ထလုပ်တာဖြစ်ပြီး ကိုယ်မကျွမ်းကျင်တဲ့ အပိုင်းဆိုတော့ အထစ်အငေါ့လေးတွေ ရှိတာပေါ့လေ။ နောက်ဆုံးမှာ အောင်မြင်တဲ့ အီတလီစားသောက်ဆိုင်လေး ဖြစ်လာပြီး အချစ်ကိုပါ တွေ့သွားတဲ့ဂျိုးအဖြစ် မြင်ရမှာပါ။ အဓိကအားဖြင့် ရိုးရာအမွေအနှစ်တွေ ဓလေ့ထုံးစံတွေကို ထိန်းသိမ်းသင့်ကြောင်း တိုက်တွန်းထားတာဖြစ်ပြီး မိသားစုနဲ့အတူ ကြည့်ဖို့ သင့်တော်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း