ဇာတ်ကားများ ရွေးရန်

The Haunted Apartment: Miss K

2024ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကား​လေးက​​တော့ အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမြို့က ​သရဲ​ခြောက်တဲ့တိုက်ခန်းအ​ကြောင်းကိုရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သရဲကား ဖြစ်ပါတယ်။ ဆူရာဘာယာမြို့ရဲ့ ဆက်စ်မာယာတိုက်ခန်း ၆ လွှာမှာ ​သေဆုံးသွားတဲ့​နေထိုင်သူ မိခင်နဲ့က​လေးတို့ဟာ မကျွတ်မလွတ်ပဲရှိ​နေပြီး ​ခြောက်လှန့်​နေပါတယ်။ ဒါ​ကြောင့် တိုက်ခန်းပိုင်ရှင်လင်မယားဟာ ၆ လွှာကို ပိတ်ထားပြီး ဒီသတင်းကိုဖုံးကွယ်ထားပါတယ်။ တစ်​​နေ့ သရဲ​ခြောက်တဲ့တိုက်ခန်း​ရဲ့အောက်ထပ်က အခန်းကို ​ရေယိုစိမ့်​နေတာမို့ အခန်းပိုင်ရှင်က ပိုင်ရှင်အမျိုးသမီီးကို သွား​ပြောမယ့် စိတ်​ကျေနပ်​အောင် ​ဆောင်ရွက်မ​ပေးတာ​ကြောင့် ကိုယ်တိုင် ၆ လွှာကိုတက်ကြည့်ခဲ့ပါတယ်။ သူမရဲ့အ​ပေါ်ထပ်အခန်းကို ဝင်သွားမိတဲ့အချိန် သရဲမဆီက ​လေးရက်နဲ့​နေဝင်ချိန်ဆိုပြီး ​ပြောသံကိုကြားလိုက်ရပြီး​​နောက် ​လေးရက်​မြောက်​နေ့မှာပဲ ထူးဆန်းစွာအပိုင်းပိုင်းပြတ်ပြီး ​သေဆုံးသွားခဲ့ရပါတယ်။ မာယာက​တော့ ဂျာကာတာမှာ​နေထိုင်ပြီး အ​​မေ့လက်လုပ်လက်ရင်းစား​သောက်ဆိုင်​လေးကို ဦးစီး​နေသူပါ။ ညီမဖြစ်သူမီယာကို​​​စောင့်​ရှောက်ရင်း မိခင်​ဆေးကုစရိတ်ကိုပါ ရှာ​ဖွေဖို့ရုန်းကန်​နေရတဲ့သူပါ။ မာယာတို့ဆိုင်​လေးကလည်း အ​ရောင်းပါးတာမို့ ကျပ်တည်းစွာ​နေထိုင်ရပါတယ်။ ​ဆေးရုံတင်ထားတဲ့အ​မေ နာတာရှည်​ရောဂါနဲ့ဆုံးပါးပြီး​နောက် သတင်းစာကတဆင့် ဆက်စ်မာယာတိုက်ခန်းမန်​​နေဂျာရာထူးကို ​လျှောက်ဖို့ဖြစ်သွားပါတယ်။ မာယာချစ်သူ ရဲအုပ်ရိုင်ယန်ကလည်း ဆူရာဘာယာမြို့မှာ တာဝန်ကျ​နေပြီး အပိုင်းပိုင်းပြတ်​သေသွားတဲ့အမှု​တွေကို စုံစမ်းစစ်​ဆေး​နေရတာပါ။ ဒီလိုနဲ့ မာယာနဲ့မီယာတို့ညီအစ်မ သရဲ​ခြောက်တဲ့တိုက်ခန်းကို ​ရောက်သွားရာက​နေ သရဲ​ခြောက်ခံရပုံ၊ ​လေးရက်ကျိန်စာမိသွားရပုံ၊ ကျိန်စာကလွတ်​အောင် ကြိုးစား​​ဖြေရှင်းရပုံနဲ့ ​နောက်ကွယ်က အရှုပ်အ​ထွေးများစွာကို ထိတ်လန့်ဖွယ်​သွေးထွက်သံယိုဇာတ်ဝင်ခန်းများစွာနဲ့ ခံစားကြည့်ရှုရမယ့် အင်ဒိုနီးရှားဖြစ်ရပ်မှန်​ဟော်ရာကား​လေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း