ဇာတ်ကားများ ရွေးရန်

The Legend of the Evil Lake

2003ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကတော့ IMDb Rate 5.8ရရှိထားပြီး ဘာသာပြန်သူကိုယ်တိုင် ပြီးလို့ပြီးမှန်းမသိတဲ့အထိ စီးမြောခံစားပြီး ဘာသာပြန်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ လူသားမျိုးနွယ်တွေဟာ တိုင်းပြည်တစ်ခုမဖြစ်လာခင်မှာ မျိုးနွယ်စုလိုက် နေထိုင်ပြီး စုန်းအတတ်တွေလဲ တတ်ကြတာပေါ့။ အဲဒီလိုနဲ့ အင်အားကြီးလေ နယ်မြေအပိုင်သိမ်းနိုင်လေဖြစ်လာတဲ့ စနစ်က ကျယ်ပြန့်လာတော့ ဧကရာဇ်ပြည့်ရှင် "ဟျော့ကောဆဲ"ဟာ "အောက်ထာ"ဆိုတဲ့ စုန်းအတတ်ပညာရှင် ကြီးစိုးတဲ့ မျိုးနွယ်စုကို အနိုင်တိုက်ပြီး ရှီလာပြည်ကြီးကို ထူထောင်လိုက်ကာ "အောက်ထာ"ကို ချိတ်ပိတ်လိုက်ပေမဲ့ အကြီးအကဲ "အောက်ထာ"ရဲ့ဝိညာဥ်ကတော့ နှစ်ပေါင်းထောင်ချီတာတောင် ရန်ငြိုးမပြေတဲ့အပြင် အာဃာတတွေက တစ်စတစ်စ ကြီးမားလာပါတယ်။ ဘုရင်မ "ဂျင်ဆောင်း"(Kim Hye Ri)လက်ထက်မှာ ရှီလာပြည်ဟာ သက်တမ်းထောင်ချီ ရှိလာပေမဲ့ ပုန်ကန်သူတွေကြောင့် အင်အားယိမ်းယိုင်လာပါတယ်။ အဲဒီလိုနဲ့ ပုန်ကန်သူတွေကို ခုခံရှင်းလင်းဖို့ စစ်သူကြီး "ဘီဟာရန်း"(Jung Joon Ho)က သွားရောက်ရချိန်မှာ သူ့ရဲ့ကောင်မလေး "ဂျာအွန်းဘီ"(Kim Hyo Jin)တစ်ယောက် စစ်သူကြီးအပေါ် မလိုမုန်းထားသူတွေကြောင့် အသတ်ခံရကိန်းစိုက်လာပါတယ်။ ကံကောင်းတယ်လို့ပဲ ဆိုရမလား၊ ကံဆိုးတယ်လို့ပဲ ဆိုးရမလား မသိတာကတော့ "ဂျာအွန်းဘီ"တစ်ယောက် အသက်ဘေးကနေ လွတ်သွားပေမဲ့ ဟိုးအရင်ကတည်းက ချိတ်ပိတ်ခံထားရတဲ့ "အောက်ထာ"ရဲ့ဝိညာဥ်ကို လွှတ်ပေးမိသလိုဖြစ်သွားပါလေရော။ "အောက်ထာ"ရဲ့ဝိညာဥ်ဟာ "ဂျာအွန်းဘီ"ရဲ့ကိုယ်ထဲကို ဝင်ချသွားပြီး ရှီလာတစ်ခွင်လုံးကို အငြိုးနဲ့ ဖျက်ဆီးခန်းစလိုက်ပါတော့တယ်။ အဲဒီလိုနဲ့ ရှီလာပြည်ကြီးပဲ ဆုံးခန်းတိုင်ရမှာလား၊ "ဂျာအွန်းဘီ"တစ်ယောက် ကိုယ့်ဝိညာဥ်နဲ့ကိုယ် အပြည့်အဝ နေနိုင်သွားမှာလား၊ "အောက်ထာ"ကရော ဘယ်လိုဖြစ်သွားမှာလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးကို အဆုံံးအထိ ကြည့်ကြည့်လိုက်ပါနော်။ ဘာသာပြန်နှင့် အညွှန်းတင်ဆက်သူ - ခန့်ကြော့ဇင်

ဇာတ်လမ်းအကြောင်း