Marana Mass
ကယ်ရာလာမြို့မှာ လူတွေဆက်တိုက်အသတ်ခံနေရတယ်။ အသတ်ခံရတဲ့လူတွေက သက်ကြီးရွယ်အိုတွေချည်းပဲ။ သူတို့အလောင်းကိုရှာတွေ့တဲ့အချိန် သူတို့ပါးစပ်မှာငှက်ပျောသီးတစ်လုံးစီ စို့ထားတာကိုတွေ့ရတတ်တယ်။ အဲဒီလိုနဲ့ ကယ်ရာလာက ငှက်ပျောသီးကွင်းဆက်လူသတ်မှုကနာမည်ကြီးလာတယ်။ အဲဒါနဲ့ရဲတွေလည်း ကွင်းဆက်လူသတ်သမားကို အသည်းသန်ရှာရတော့တယ်။ ကွင်းဆက်လူသတ်သမားရဲ့ စိတ်ကိုနားလည်ဖို့ ကျွမ်းကျင်စိတ်ရောဂါပညာရှင်တွေနဲ့ပါ ဆွေးနွေးတိုင်ပင်ကြတယ်။ တစ်ဘက်မှာလည်း တစ်မြို့လုံးကိုဒုက္ခပေးလေ့ရှိတဲ့ အူမေ့ရှ်ကို ရဲတွေမသင်္ကာဖြစ်လာကြတယ်။ အဲဒီအချိန်လူသတ်သမားကလည်း အဘိုးကြီးတစ်ယောက်ကိုသတ်ဖို့ကြံစည်နေပြီ။ အူမေ့ရှ်မှာ ဂျက်ဆီဆိုတဲ့ကောင်မလေးရှိပြီး သူတို့ဆက်ဆံရေးက ပျက်စီးသွားတာမကြာသေးဘူး။ တစ်နေ့ အူမေ့ရှ်ရယ်၊ ဂျက်ဆီရယ်၊ ကွင်းဆက်လူသတ်သမားရယ်၊ နောက်ထပ်ပစ်မှတ်ဖြစ်မယ့်အဖိုးကြီးရယ်၊ ကားသမားနဲ့စပယ်ယာရယ် ဘတ်စ်ကားတစ်စီးပေါ်မှာ ပိတ်မိသွားကြပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ ဒီအိန္ဒိယဟာသကားလေးထဲမှာ ဆက်လက်စောင့်ကြည့်ပေးကြပါဦး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Bex ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း