ဇာတ်ကားများ ရွေးရန်

Superboys de Malegaon

2024ဇာတ်ကားWeb-dl 1080p

ဇာတ်လမ်းအကျဥ်းမပြောခင် ဘယ်ရုပ်ရှင်အမျိုးအစားကိုကြိုက်တဲ့သူဖြစ်ပါစေ ဒီကားလေးကိုကြည့်သင့်ကြောင်း အရင်ညွှန်းပါရ‌စေ " Superboys of Malegaon 2025 " ပါ 2024 မှာ မိတ်ဆက်ခဲ့ပြီး 2025မှာထွက်ရှိခဲ့ပါတယ် Rating 7.8/10 ရထားတာမို့ ကြည့်မိရင်မှားမယ်မထင်ပါဘူး ဇာတ်လမ်းကတော့ မာလီဂါဝန်ဆိုတဲ့ရွာလေးရဲ့ သူငယ်ချင်းတစ်သိုက်အကြောင်းကို အခြေခံရိုက်ကူးထားတာပါ ဒီသူငယ်ချင်းတစ်သိုက်မှာ ဒါရိုက်တာလုပ်ဖို့ဝါသနာပါတဲ့ "နာဆာ"ကြောင့် သူငယ်ချင်းအားလုံးစုပြီး ရုပ်ရှင်ရိုက်ကူးဖြစ်ခဲ့ပါတယ် မြို့ကြီးလိုမဖွံ့ဖြိုးတဲ့ရွာငယ်လေးမှာ သူတိူ့ဘယ်လိုရိုက်ကူးမှုတွေလုပ်ကြမှာလဲ? လူငယ်တွေရဲ့သဘာဝ အိပ်မက်နောက်ကိုလိုက်ကြပုံတွေ ၊ "သူငယ်ချင်းဆက်ဆံရေး"ရဲ့ အဓိပ္ပာယ်တွေ၊ ရုပ်ရှင်အနုပညာရပ်ဝန်းရဲ့ အနှစ်သာရတွေကို ပေါ့ပေါ့ပါးပါးနဲ့ ရသစုံစွာကြည့်ရမှာပါ (ပေါ့ပါးပေမဲ့ ခပ်ပေါ့ပေါ့လုံးဝမဟုတ်ဘူးနော်) Relax time အတွက်ရော Movie date အတွက်ရော ရွေးချယ်သင့်တဲ့ကားမို့ လက်မလွှတ်စေချင်ပါဘူး ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ki Ki Chit Su ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း