Woman on the Beach
ဒါရိုက်တာဂင်ဂျုံရယ်ဟာ ဇာတ်ညွှန်းရေးဖို့အတွက် အနောက်ဘက်ကမ်းခြေကိုသွားချင်တာမလို့ သူ့မိတ်ဆွေ ချန်းဝုကို အတင်းခေါ်ခဲ့ပါတယ်။ ချန်းဝုက စစချင်းတော့ ငြင်းခဲ့ပေမဲ့ သူ့ကောင်မလေး မွန်းဆုကို ခေါ်လာလို့ရမယ်ဆိုတဲ့ သဘောတူညီချက်ကြောင့် လိုက်ဖြစ်သွားပါတယ်။ ချန်းဝုကသာ ကောင်မလေးလို့မိတ်ဆက်ပေးထားပေမဲ့ မွန်းဆုဘက်ကတော့ သူက ချန်းဝုရဲ့ကောင်မလေးမဟုတ်ဘူးဆိုပြီး အတိအလင်းငြင်းပါတော့တယ်။ အဲဒီအချိန် လက်တည့်စမ်းချင်တဲ့ ဒါရိုက်တာဂင်ဂျုံရယ်ကလည်း ကောင်မလေးကိုအတင်းဝင်လုံးပါတော့တယ်။ ၂ယောက်သား ချန်းဝုမသိအောင် အတူအိပ်ပြီးတဲ့နောက်မှာ ဂင်ဂျုံရယ်တစ်ယောက် နောက်ရက်ကျ အချိုးတွေပြောင်းသွားပါတော့တယ်။ ဒီနောက်ပိုင်းမှာတော့ ဂင်ဂျုံရယ်က တခြားကောင်မလေးတစ်ယောက်ကိုပါ လိုက်ပြီးခြေရှုပ်တဲ့အချိန် ဘာတွေဆက်ဖြစ်မလဲဆိုတာ... ဒီကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း