ဇာတ်ကားများ ရွေးရန်

Hachiko

2023ဇာတ်ကားBlu-ray 1080p

ချုံချင့်မြို့ရှိ တက္ကသိုလ်တစ်ခုတွင် တာဝန်ဝမ်းဆောင်နေသော ပါမောက္ခချန်ဟာ သုတေသနခရီးတစ်ခုသွားရင်း လမ်းမှာ ခွေးပေါက်လေးတစ်ကောင်နဲ့ မတော်တဆ တွေ့ဆုံခဲ့ရပါတယ်။ ခွေးလေးနေထိုင်ခဲ့ရာ နေရာမှ ရွာသားတွေက အားလုံးပြောင်းရွှေ့သွားတာကြောင့် သနားစိတ်ဝင်ပြီး ပါမောက္ခချန်ဟာ သူ့အိမ်သို့ ခေါ်လာခဲ့ပါတယ်။သူ၏ ဇနီးဖြစ်သူက ငယ်စဥ်က ခွေးကိုက်ခံရဖူးတာကြောင့် အခုလို ခွေးခေါ်လာတာကို မကြည်ဖြူခဲ့ပါဘူး။ဒါကြောင့် ခွေးလေးအား သင့်တော်တဲ့ မိသားစုထံပေးရန် စီစဉ်ထားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေဖြစ်နေခဲ့ပါတော့တယ်။ ဒီလိုနဲ့ ပါမောက္ခချန်ဟာ သူမိန်းမကို အတိုက်အခံလုပ်ကာ ခွေးလေးအား မွေးထားရန် ဆုံးဖြတ်ပြီး ခွေးလေးရဲ့ နာမည်ကိုလည်း မာကျောက်ကစားဝိုင်းကို အစွဲပြု၍ ပါးထုံလို့ နာမည်ပေးလိုက်တော့တာပေါ့။ပါးထုံရဲ့ သိတတ်လိမ္မာမှုကြောင့် အချိန်ကြာလာတာနဲ့အမျှ မိသားစုဝင်အားလုံးဟာ ခွေးလေးကို မိသားစုဝင်အဖြစ် လက်ခံခဲ့တယ်။သခင်ဖြစ်သူ ပါမောက္ခချန် ကလည်း ပါးထုံလေးကို သားလေးတစ်ယောက်လို သဘောထားတာကြောင့် ပါးထုံလေးကလည်း သခင်ဖြစ်သူကို အရမ်းခင်တွယ်ခဲ့ပါတယ်။ပါးထုံလေးဟာ သူ့သခင်ဖြစ်သူ အလုပ်သွားတိုင်း ကေဘယ်လ်ဘူတာအထိ လိုက်ပို့တတ်ပြီးတော့ ဘူတာကနေ သတင်းစာယူပြီးမှ အိမ်ပြန်လာတတ်ပါတယ်။ညနေပိုင်း သခင်ဖြစ်သူ အလုပ်ပြန်လာမယ့်အချိန်ရောက်ရင်လည်း အချိန်မှန် ဘူတာမှာ သွားစောင့်နေတတ်ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့ သခင်ဖြစ်သူဟာ မမျှော်လင့်ဘဲ လောကကြီးထဲကနေ ထွက်ခွာသွားခဲ့ရပါတယ်။ ဒါပေမဲ့ ပါးထုံလေးကတော့ သေခြင်းတရားဆိုတာကို နားမလည်တာကြောင့် သခင်ဖြစ်သူ ပြန်အလာကို ဘူတာရုံမှာ နေ့တိုင်း စောင့်ဆိုင်းနေခဲ့ပါတယ်။ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်များဟာ အခြေအနေအမျိုးမျိုးကြောင့် ချုံချင့်ကနေ ထွက်ခွာသွားခဲ့ရတဲ့အချိန်မှာ ပါးထုံလေးကတော့ ချံချင့်မှာ တစ်ကောင်တည်းနေထိုင်ခဲ့ပြီး အရင်နေရာလေးမှာပဲ သခင်ဖြစ်သူ ပါမောက္ခချန် ပြန်အလာကို သစ္စာရှိရှိနဲ့ ဘယ်အချိန်အထိ စောင့်ဆိုင်းနေခဲ့လဲဆိုတာ ကြေကွဲဝမ်းနည်းဖွယ် ကြည့်ရှု့ရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ NayChii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း