ဇာတ်ကားများ ရွေးရန်

Art of the Devil II

2005ဇာတ်ကားWeb-dl 1080p

ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ထိုင်း horror ဇာတ်ကားလေးကတော့ 2005 ခုနှစ်မှာထွက်ရှိခဲ့တဲ့ နာမည်ကျော် Art of the Devil trilogy ရဲ့ ဒုတိမြောက်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်ကြောင်းကတော့ အထက်တန်းကျောင်းတစ်ခုမှာ အရမ်းခင်ကြတဲ့ Ta, Por, Kim, Ko, Tair နဲ့ Noot ဆိုတဲ့ သူငယ်ချင်း ၆ ယောက် ရှိပါတယ်။ တာ ရဲ့ဖခင်က ကျောင်းကဆရာမတစ်ဦးဖြစ်တဲ့ Ms. Panor နဲ့နောက်အိမ်ထောင်ပြုထားတာဖြစ်ပြီး တစ်ရက်မှာတော့ Ms. Panor ကျောင်းကနည်းပြဆရာနဲ့ ဖောက်ပြန်နေတာကို တာတို့သူငယ်ချင်းတစ်စုက တွေ့သွားကြပါတယ်။ အဲဒီလိုနဲ့ တာရဲ့ဖခင်ကို ပြန်ပြီးသက်သေပြဖို့အတွက် ဗီဒီယိုရိုက်ထားကြရာကနေ အဲဒီဗီဒီယိုက တစ်ကျောင်းလုံးကိုပြန့်သွားပါတော့တယ်။ Ms. Panor လဲ အရှက်တကွဲဖြစ်ပြီး အလုပ်ကထွက်ခါ တောထဲကအိမ်လေးမှာ တစ်ယောက်ထဲသွားနေနေခဲ့ပါတယ်။ နောက်မှာတော့ ဗီဒီယိုကိုဖြန့်တာ တာ တို့အုပ်စုမှန်းသိသွားတဲ့ နည်းပြဆရာက တာတို့ကိုဖမ်းချုပ်ပြီး နှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာစော်ကားတာတွေပြုလုပ်တာကြောင့် မကျေနပ်တဲ့ ကျောင်းသားတစ်သိုက်ဟာ အဲဒီအရပ်ကနာမည်ကြီး အောက်လမ်းဆရာဆီသွားပြီး နည်းပြဆရာကို လက်စားချေဖို့ကြံစည်ကြပါတော့တယ်။ အဲဒီအဖြစ်အပျက်တွေဖြစ်ပြီး ၂ နှစ်အကြာမှာ တာရဲ့အဖေဆုံးသွားတဲ့သတင်းကြောင့် ဘန်ကောက်မှာတက္ကသိုလ်တက်နေကြတဲ့ သူငယ်ချင်းတွေက ဇာတိမြို့လေးကို ပြန်လာကြပါတယ်။ အဲဒီကနေမှ တာရဲ့မိထွေးဖြစ်သူ Ms. Panor ရှိရာတောထဲက အိမ်ကိုသွားလည်ကြရာကနေ မထင်မှတ်ထားတဲ့ ထိတ်လန့်စရာအဖြစ်ဆိုးတွေ တစ်ခုပြီးတစ်ခုကြုံလာကြတဲ့ အခါမှာတော့.. ။ နံပါတ် 2 ဆိုပေမဲ့ 1 နဲ့တိုက်ရိုက်ချိတ်ဆက်မှုမရှိတာကြောင့် 1 ကိုမကြည့်ရသေးတဲ့သူတွေလည်း ကြည့်လို့ရပါတယ်။ သတိ- သွေးသံရဲရဲပြကွက်ကြမ်းတွေ၊လိင်ပိုင်းဆိုင်ရာပြကွက်တွေပါတာကြောင့် နှလုံးရောဂါရှိသူများ၊ကလေးငယ်များ မကြည့်သင့်ပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Honey ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း