Rosario
အောက်လမ်းအတတ်ပညာတွေလိုက်စားကိုးကွယ်တဲ့ ဘာသာရေးစနစ်တစ်ခုဖြစ်တဲ့ "Palo Mayombe" အကြောင်းကို တစွန်းတစသိရမယ့် သည်းထိတ်ရင်ဖို Horror ကားဖြစ်ပါတယ်။ စပိန်လူမျိုးဖြစ်တဲ့ ရိုဆာရီယိုဟာ ဖအေနဲ့မအေကွာရှင်းပြီးတော့ ဖအေနဲ့လိုက်နေခဲ့ပြီး လက်ရှိမှာ အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်ထားသူပါ။ သူ့ငယ်စဉ်ဘဝနဲ့အတူ တခြားမြို့မှာကျန်ခဲ့တဲ့ အမေနဲ့အဘွားကိုပါ မေ့ထားပြီး နာမည်ကိုတောင် "ရို့စ်"လို့ပဲ အခေါ်ခံခဲ့ပါတယ်။ သူ့အမေဆုံးတုန်းကလည်း မသွားခဲ့ပါဘူး။ ဒါမဲ့နှင်းမုန်တိုင်းတိုက်တဲ့တစ်ညမှာ သူ့အဘွားဆုံးသွားပြီလို့ အကြောင်းကြားလာပြီး အဘွားဆီကပါ ထူးဆန်းတဲ့အသံမေးလ်ရောက်လာတဲ့အတွက် သူ့အဘွားအလောင်းကို လူနာတင်ကားလာတဲ့ထိ သွားစောင့်ပေးဖို့ဖြစ်လာပါတယ်။ အဲဒီတိုက်ခန်းမှာပဲ မသတီစရာပစ္စည်းတွေ အစီအရင်တွေတွေ့ရပြီးတော့ ခြောက်ခြားစရာကောင်းတဲ့ညမှာ သူ့အဘွား ဘာတွေလုပ်ခဲ့တာလဲဆိုတာ ဖော်ထုတ်ရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း