ဇာတ်ကားများ ရွေးရန်

Suspect

2024ဇာတ်ကားBlu-ray 1080p

လူတစ်ယောက်ဟာ သေကြောင်းကြံတဲ့ပုံစံမျိုးနဲ့သေသွားခဲ့ပေမဲ့ ရဲစခန်းဆီ အမျိုးသမီးတစ်ယောက်ကလာပြီးတော့ သူသတ်ခဲ့တာဆိုပြီး အဖမ်းခံတယ်။ သူဟာ အပြစ်သားတွေကိုအပြစ်ပေးတဲ့နတ်ဆိုးတရားသူကြီးရဲ့ဘက်တော်သားတဲ့။ သူက ကော့မန်ပန်းဆိုသူ လူတစ်ယောက်နဲ့ တွေ့ခွင့်တောင်းတယ်။ ကော့မန်ပန်းဟာ photographic memory ရှိလို့ သူကြုံတွေ့ဖူးသမျှကို ခရေစေ့တွင်းကျမှတ်မိနိုင်ပေမဲ့ သူရှေ့မှာတင် သူ့အမွှာညီကို သတ်သွားတဲ့လူသတ်သမားကို မမှတ်မိလို့ အရူးတစ်ပိုင်းဖြစ်နေတဲ့ အကြီးတန်းစစ်ဆေးရေးမှူးဟောင်းတစ်ဦး။ သူဟာ အဖမ်းလာခံသူ အမျိုးသမီးရဲ့ပြောပြချက်တွေနဲ့ လူသတ်သမားကိုရော သတ်ရတဲ့အကြောင်းအရင်းကိုပါ ဖော်ထုတ်သွားမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း