ဇာတ်ကားများ ရွေးရန်

Guna guna istri muda

2024ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကား​လေးက​တော့ ပုံမှန်မြင်​နေကျ​ဟော်ရာကား​​တွေက​နေ ကွဲထွက်​နေမယ့် အောက်လမ်းအတတ်စီရင်မှုများနဲ့ ​ အ​လောင်ဇာတ်ကားရသမျိုးကို ခံစားရမယ့် အင်ဒို​​ဟော်ရာကား​လေးပါ။ အိန်ဂျယ်ဟာ ငယ်ရွယ်စဥ်ကတည်းက မိခင်ဖြစ်သူရဲ့ဆုံးမစကားဖြစ်တဲ့ "ကိုယ်ဖြစ်ချင်တဲ့အရာ​တွေကိုရဖို့ ဘယ်သူ့ကိုမှ တားဆီးခွင့်မ​ပေးနဲ့" ဆိုတဲ့စကားကို လက်ကိုင်ထားပြီး​နေထိုင်​နေသူတစ်​ယောက် ဖြစ်ပါတယ်။ သူ​ဌေးဘူဟန်ရဲ့ ဒုတိယဇနီးအဖြစ်ခံယူပြီး စည်းစိမ်ချမ်းသာကို ခံစားလိုသူပါ။ သို့ပေမယ့် ရည်းစား​ဟောင်း လီယိုရဲ့လက်စား​ချေမှုကိုခံရပြီး ပြုစားခံရပါ​တော့တယ်။ ဒီလိုပြုစားခံရတာကို သိသွားတဲ့ အိန်ဂျယ်တစ်​ယောက် ဘယ်လိုတုံ့ပြန်မလဲ၊ ပထမဇနီးဖြစ်သူရဲ့တူကိုလည်း ​သွေးသားဆန္ဒအရ အပိုင်ရဖို့ နတ်ဆရာမဆီမှာ ​အောက်လမ်းအတတ်နဲ့ ပြုစားခဲ့ပါတယ်။ ဒီလိုလုပ်ရပ်​တွေကိုသိသွားတဲ့ ပထမဇနီးဖြစ်သူကိုလည်း ဒုက္ခ​ပေးဖို့ကြိုးစားပါ​တော့တယ်။ ဒီလိုနဲ့ ပထမဇနီးနဲ့ဒုတိယဇနီး အားပြိုင်ကြပုံ၊ ​အောက်လမ်းအစီအရင်​ကြောင့် ​ဘေးဒုက္ခ​ရောက်ကြရပုံကို ​ထိတ်လန့်ဖွယ်ရာ ဇာတ်ဝင်ခန်းများစွာနဲ့ ခံစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း