I Am a King
Princess Hours, Kingdom, Trauma Codeထဲက နာမည်ကြီးမင်းသား Ju Ji Hoonက နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတဲ့ ဒီကားလေးကတော့ IMDb Rate 5.8 ရရှိထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ လောကကြီးမှာ အုပ်ချုပ်သူလူတန်းစားဟာ အာဏာရဖို့အရေးသာ ဦးထိပ်ထားနေတာက အခုမှမဟုတ်ဘဲ ဂျိုဆွန်းခေတ်မှာကတည်းက ရှိနေပြီပဲဖြစ်ပါတယ်။ အဲဒီလိုရှုပ်ထွေးလှတဲ့ လောကကြီးနဲ့ မသက်ဆိုင်ဘူးဆိုပြီး စာအုပ်တွေပဲ ဖတ်ရင်း သာယာနေခဲ့တဲ့ တတိယသားတော် ချွန်းညောင်း(Ju Ji Hoon)ခမျာ အသုံးမကျတဲ့ ပထမအစ်ကို၊ ဘုန်းကြီးဝတ်သွားတဲ့ ဒုတိယအစ်ကိုတို့ကြောင့် ထီးနန်းဆက်ခံဖို့ ကံဖန်လာပါတော့တယ်။ အိမ်ရှေ့စံ ချွန်းညောင်းက ဘုရင် မဖြစ်ရေးကို ဦးထိပ်ထားပြီး နန်းတော်ထဲကနေ ထွက်ပြေးချိန်မှာ သူနဲ့ ရုပ်ချွတ်စွပ်တူတဲ့ ကျွန် ဒေါ့ချီ(Ju Ji Hoon)က အိမ်ရှေ့စံအဖြစ် အစားထိုးခံလိုက်ရပါလေရော။ စာနဲ့ပတ်သက်ရင် စာလုံးသုံးလုံးသာ သိတဲ့ ဒေါ့ချီခမျာ နန်းတော်ထဲမှာ ကံဆိုးမိုးမှောင်ကျရတော့တာပေါ့။ တစ်ဖက်မှာလဲ အိမ်ရှေ့စံ ချွန်းညောင်းဟာ အခုမှ အပြင်လောကနဲ့ ထိတွေ့ဖူးပြီး ပြည်သူတွေခမျာ နာမကျန်းဖြစ်ရင်အောင် သေချာကုပေးမဲ့သူ မရှိတဲ့အထိ အဖြစ်ဆိုးနေတာကို မျက်ဝါးထင်ထင် ကြုံလိုက်ရတယ်။ တိုင်းပြည်ကို အုပ်ချုပ်သူဘုရင်ဟာ အာဏာမြဲဖို့ချည်း ဦးစားပေးရမှာမဟုတ်ဘဲ ပြည်သူတွေကို စိတ်ချမ်းသာအောင် ထားရင်း ယုံကြည်မှုတည်ဆောက်ဖို့က အဓိကဆိုတာကို သဘောပေါက်လာတဲ့ ချွန်းညောင်းတစ်ယောက် တိုင်းပြည်ကို နောက်ဆုံးမှာ သေချာအုပ်ချုပ်သွားနိုင်မှာလား၊ ကျွန်ဒေါ့ချီကရော ဘယ်လိုဖြစ်သွားမှာလဲဆိုတာကို ရယ်မောသံလေး စွက်ရင်း ကြည့်ကြည့်လိုက်ရအောင်နော်။ ဘာသာပြန်နဲ့ အညွှန်းတင်ဆက်သူ - ခန့်ကြော့ဇင်
ဇာတ်လမ်းအကြောင်း