The Singing Detective
“The Singing Detective" ဆိုတဲ့ဇာတ်ကားကတော့ Iron Manမင်းသားကြီးလို့ လူသိများတဲ့ Robert Downey Jr. ပါဝင်ထားတဲ့ စုံထောက်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။စုံထောက်ကားဆိုပေမယ့် ရိုးရိုးစုံထောက်ကားတွေနဲ့ ကွဲထွက်နေပြီး plot ကောင်းကောင်းနဲ့ တစ်မျိုးဆန်းသစ်နေတာတွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းကတော့ Philip Marlow ဆိုတဲ့စာရေးဆရာ တစ်ယောက်အကြောင်းပါ။ သူက အရေပြားရောဂါခံစားနေရလို့ ဆေးရုံရောက်နေပေမယ့် သူ့စိတ်ကူးထဲမှာတော့ သူ့ဝတ္ထုထဲက စုံထောက်ဇာတ်ကောင်အဖြစ်နဲ့ အမှုအခင်းတွေပါဝင်စုံစမ်းနေတာပေါ့။ ဒီလိုနဲ့ပဲ လက်တွေ့နဲ့စိတ်ကူးယဉ်ကမ္ဘာကြားမှာ ရှုပ်ထွေးတဲ့ဖြစ်ရပ်တွေ စတင်ပေါ်ပေါက်လာပါတော့တယ်။ ဇာတ်ကားနာမည်အတိုင်းပဲ သီချင်းတွေ အကတွေနဲ့ စုံစမ်းစစ်ဆေးရေးတွေကို စိတ်ကူးယဉ်ကမ္ဘာထဲမှာ ဖြေရှင်းနေပုံကိုမြင်ရမှာပါ။မျက်တောင်တစ်ချက်ခတ်လိုက်တာနဲ့ ဘာဖြစ်သွားမှန်းသိလိုက်မှာမဟုတ်လောက်တဲ့အထိ စိတ်ဝင်စားဖို့ကောင်းပြီး သူများနဲ့မတူတဲ့ဇာတ်လမ်းမျိုး၊plotမျိုးကြိုက်တတ်တဲ့လူတွေအတွက် “The Singing Detective” က ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲနော်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ YOON ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း