ဇာတ်ကားများ ရွေးရန်

Cooked

2025ဇာတ်ကားWeb-dl 1080p

စား​​သောက်ဆိုင်ပိုင်ရှင်နဲ့ စားဖိုမှူး ဆီနာက တစ်ညကျ​တော့ သူ့စား​သောက်ဆိုင်မှာ ​လူ​တွေ အများကြီး လာ​ရောက်စားသုံးကြပါတယ်။ အဲဒီအချိန် တစ်ဖက်မှာလည်း စစ်​ဆေး​ရေး ဝင်လို့ သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ အချက်​တွေကို ​တွေ့သွားပြီး သတိ​ပေးခံရပါတယ်။ သူ့ဆိုင်က ဝန်ထမ်း​တချို့ဆို မကျွမ်းကျင်တာကတစ်မျိုး၊ အ​ချောင်ခိုတာက တစ်​ကြောင်းနဲ့ သူတို့ကို ထိန်း​ကျောင်းရတာကလည်း အလုပ်တစ်ခုပါပဲ။ ဒီလို အလုပ်ရှုပ်​နေတဲ့ ညမှာမှ ဆီနာရဲ့ အဖေက နှလုံး​ဖောက်လို့ ခွဲစိတ်မှု လုပ်ရ​တော့မှာပါ။ ဒါ​ပေမဲ့ အ​ဖေ့ဆီ မသွားနိုင်ဘဲ စား​သောက်ဆိုင်မှာပဲ အချိန်ကုန်ခဲ့ရပါတယ်။ စားသုံးသူ​တွေထဲမှာမှ အရစ်သန်တဲ့ လူတွေနဲ့ တွေ့တဲ့အခါ အချင်းချင်း က​တောက်ကဆ ဖြစ်ပြီး ပြဿနာ ကြီးထွားလာပါ​တော့တယ်။ ဒီလိုမျိုး ဖိစီးမှုများတဲ့ လုပ်ငန်းခွင်ထဲမှာ ဆီနာ ဆက်ပြီး ​တောင့်ခံနိုင်မလား။ ပြဿနာ​​ပေါင်း ​သောင်း​ခြောက်​ထောင်ကို သူ ဘယ်လို​ဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ရ​အောင်။ အညွှန်း​ရေးသားသူနဲ့ ဘာသာပြန်မှာ Poe Yin Thar ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း