The Devil's Bride
ဒီဇာတ်ကားလေးကတော့ တစ်တော့မှာ နာမည်ကြီးသွားတဲ့ "နတ်ဆိုးရဲ့သတို့သမီး" Podcast ကို အခြေခံရိုက်ကူးထားတဲ့ အင်ဒိုဟော်ရာကားလေး ဖြစ်ပါတယ်။ ဂျင်သရဲရဲ့ ချစ်ခင်စွဲလန်းမှုကို နှစ်ရှည်လများခံစားနေရတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်အကြောင်းပါ။ အက်ချာနဲ့ အာရီယယ်တို့ဟာ အိမ်ထောင်သက်တမ်း ၃ နှစ်ကျော်ရှိပြီဖြစ်တဲ့ လင်မယားတွေဖြစ်ပါတယ်။ အိမ်ထောင်သည်တို့ထုံးစံအတိုင်း လက်ထပ်ပြီးနောက်ပိုင်းမှာ အချင်းချင်းပျက်ကွက်မှုတွေ ဖြစ်လာကြပါတယ်။ အာရီယယ်အလုပ်က ညဆိုင်းမို့ မိန်းမဖြစ်သူကို အချိန်မပေးနိုင်ကာ ညနက်မှ အိမ်ပြန်လာရသူပါ။ အက်ချာအနေနဲ့ အလုပ်က ပင်ပင်ပန်းပန်းပြန်လာရပေမယ့် ညနက်မှပြန်လာတဲ့ခင်ပွန်းသည်အတွက် ပြင်ဆင်ချက်ပြုတ်ပေးဖို့ ညနက်မှ အိပ်ရာထရပါတယ်။ ချစ်သူဘဝယုယမှုလေးတွေပါ မခံစားရတော့လို့ အထီးကျန်ပြီး စိတ်အလိုမကျဖြစ်နေတဲ့ အက်ချာ့ကို အိမ်မက်ထဲကနေ ဂျင်သရဲက လွှမ်းမိုးချုပ်ကိုင်လာပါတော့တယ်။ ချောမောတဲ့ အမျိုးသားအသွင်နဲ့ အက်ချာကို ဖျားယောင်းသွေးဆောင်ဖို့ လုပ်လာပါတယ်။ အခြေအနေတွေဆိုးဝါးလာအောင် လုပ်ပြီး အက်ချာတို့အိမ်ထောင်ရေးကို ပြိုကွဲလာအောင် ဖန်တီးတဲ့နောက်ပိုင်း ဘာတွေဆက်ဖြစ်ကြမလဲ၊ ဂျင်သရဲရဲ့စွဲလန်းမှုကို ခံစားနေရတဲ့ ဇနီးသည်အက်ချာကို အယ်ရီယယ်တစ်ယောက် ဘယ်လိုကာကွယ်ပေးသွားမလဲဆိုတာကို ထိတ်လန့်ဖွယ်ရာဇာတ်ဝင်ခန်းများစွာနဲ့အတူ ခံစားကြည့်ရှုရမယ့် အင်ဒိုနီးရှားဖြစ်ရပ်မှန်ဟော်ရာကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း