FireFly
နိုင်ငံခြားမှာလေးနှစ်ပညာသင်အလုပ်လုပ်ပြီး မိဘများနဲ့ တွေ့ဆုံရန်ပြန်လာတဲ့ဗစ်ကီတစ်ယောက် လမ်းမှာကားမတော်တဆမှုနဲ့ မိဘများကဆုံးပါးသွားခဲ့ပြီး သူကတော့ကိုမာဝင်ကာ လနဲ့ချီပြီးဆေးရုံတက်ခဲ့ရပါတယ်။ မိဘတွေကိုလွမ်းဆွတ်မှုနဲ့လောကကြီးကို မကျေမနပ်ဖြစ်ပြီး အိပ်မပျော်တဲ့ဝေဒနာစွဲကပ်လာတဲ့ ဗစ်ကီတစ်ယောက်ကို ဘဝရဲ့စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းပြီး ထူးထူးဆန်းဆန်းစွန့်စားခန်းများနဲ့ သူ့ဘဝရဲ့အနှစ်သာရကိုရှာဖွေဖို့ကြိုးစားတဲ့အချိန်မှာ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ။ တင်ဆက်ပုံတစ်မျိုးနဲ့ ထူးထူးခြားခြားဇာတ်လမ်းဇာတ်အိမ်ကို ဖန်တီးထားပြီး တွေးတောစရာတွေအများကြီးပေးမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ စိတ်ကူးယဉ်ဆန်တဲ့ ခရီးတစ်ခုရဲ့အလွန်မှာ ဗစ်ကီက ဘဝရဲ့အနှစ်သာရကို ဘယ်လိုနားလည်လက်ခံလာမလဲဆိုတာကို ကြည့်ရှုရမယ့် Rating 7.8/10 အထိရရှိထားတဲ့ အိန္ဒိယဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Sin Pwint ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း