ဇာတ်ကားများ ရွေးရန်

Please Teach Me English

2003ဇာတ်ကားBlu-ray 1080p

ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးကတော့ ကိုယ်တွေနဲ့ အဖြစ်တူပြီး ရယ်သံမပြတ်စေမဲ့ IMDb Rate: 6.5 ရထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အင်္ဂလိပ်စာသင်ရမယ်ဆိုရင်ကို ကိုယ်တွေလိုပဲ လိပ်ကို ခဲဆွဲထားတဲ့အတိုင်း အတတ်နှေးပြီး ပတ်ရှောင်တတ်တဲ့ နာယောင်းဂျူ(Lee Na Young)တစ်ယောက် တစ်နေ့မှာတော့ သင်တန်းက အဆင်လေး ဘတ်မွန်းဆူ(Jang Hyuk)ကြောင့် မိုတီရသွားပါလေရော။ တစ်ဖက်မှာတော့ ဘတ်မွန်းဆူဟာ သူ့ရဲ့ကွဲကွာနေတဲ့ အမေရိကက ညီမလေးနဲ့ တွေ့ဖို့ အင်္ဂလိပ်စာကို ကြိုးစားပမ်းစား သင်ယူနေသူဖြစ်ပြီး အချစ်စစ်ကို ရှာဖို့ မြေစမ်းခရမ်းပျိုးနေတဲ့ သူဆိုလဲ မမှားပါဘူး။ ဘတ်မွန်းဆူနဲ့ နာယောင်းဂျူဟာ အင်္ဂလိပ်စာသင်တန်းတက်ခါစသူတွေပီပီ ဘိုလိုတွေ တတ်သလောက် မှတ်သလောက် မှုတ်ရင်း အနေနီးသွားပြီး အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာတာပေါ့။ ပရိတ်သတ်တို့ကရော ဒီဇာတ်လမ်းလေးကို ကြည့်ရင်း သင်တန်းဘယ်လောက်တက်တက် မထူးဘဲ အခြားဘာသာစကားဘက် ပြောင်းသွားတဲ့သူလား..၊ မိခင်ဘာသာစကားကို မျိုးချစ်စိတ်အပြည့်နဲ့ ဖက်တွယ်ထားသူလား..၊ သင်တန်းတက်ရင်း ရည်းစားရသွားတဲ့သူလား..၊ သေချာ ပေါက်မြောက်သွားတဲ့သူလား စသဖြင့် ကိုယ်က ဘယ်လိုသင်တန်းသားလဲဆိုတာကို တစ်ခါတည်း စစ်ကြည့်လိုက်ပါအုံးနော်။ ဘာသာပြန်နှင့် အညွှန်းတင်ဆက်သူ - ခန့်ကြော့ဇင်

ဇာတ်လမ်းအကြောင်း