12 Rounds Reloaded
2009 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး John Cena ပါဝင်ခဲ့တဲ့ 12 Rounds ဆိုတဲ့ ဇာတ်ကားရဲ့ sequel ဖြစ်ပါတယ်။ ဒီဇာတ်ကားနောက်မှာတော့ 12 Rounds: Lockdown (2015) ဆိုပြီး တစ်ကားထပ်ထွက်ပါသေးတယ်။ သုံးကားလုံးရဲ့ အဓိကဇာတ်ဆောင်တွေက professional wrestler တွေဖြစ်ပြီး ရုပ်ရှင်တွေက Action/ Thriller အမျိုးအစားတွေပါ။ ဇာတ်လမ်းကတော့ နစ်ခ်မာလွိုင်ဆိုတဲ့ ဆေးအကူ၊ အဓိကဇာတ်လိုက်မင်းသား အလုပ်လုပ်နေစဉ် အမည်မသိဖုန်းတစ်ကောလ်ဝင်လာပြီး သူ့ဇနီးသည်ရဲ့ အသက်နဲ့ ခြိမ်းခြောက်ကာ ဂိမ်းတွေ ကစားခိုင်းတဲ့ပုံစံမျိုးပေါ့။ အချိန်နည်းနည်းပဲ ပေးပြီး တစ်နေရာပြီးတစ်နေရာသွားခိုင်း... ဗုံးတွေဖောက်ခွဲနဲ့ မင်းသားနောက်ကို ရဲတွေကလည်းလိုက်... စကားပြောခန်းနည်းနည်း အက်ရှင်များများ ဇာတ်ကားမျိုးဖြစ်ပါတယ်။ ရုပ်ရှင်ကားအမည်အတိုင်း နစ်ခ်ဘက်က လုပ်ဆောင်ပေးရမယ့် ပွဲစဉ်က ၁၂ ခုရှိတယ်။ ဘယ်နှခုလောက်အထိ နစ်ခ် အောင်အောင်မြင်မြင်လုပ်နိုင်မလဲ... လူဆိုးကရော ဘယ်သူလဲ... သူတို့လင်မယားကို ဘာလို့ဒီလိုတွေ ခြိမ်းခြောက်တာလဲ... လင်မယားနှစ်ယောက်လုံး အသက်ဘေးက လွတ်ပါ့မလား....။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ LYKZ က တင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း