Sinners
1930 ပြည့်နှစ်တွေက မစ္စစပီ၊ ဒယ်လ်တာဒေသမှာ ဖြစ်ခဲ့တဲ့ ဒဏ္ဍာရီဆန်ဆန်ဇာတ်လမ်း ဖြစ်ပါတယ်။ Michael B.Jordan က မွေးရပ်မြေမှာ အရက်နဲ့ဖျော်ဖြေရေးတွဲဖက်ရောင်းချတဲ့ဆိုင်ဖွင့်ဖို့ ချီကာဂိုကနေ ပြန်လာတဲ့ ဂန်းစတား စိတ်တူကိုယ်တူအမွှာညီအစ်ကို စမုက်နဲ့စတက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူတို့အမွှာညီအစ်ကိုနဲ့အတူ ဂီတာတီးတတ်တဲ့ ညီဝမ်းကွဲဆမ်မီပါလိုက်လာပြီး ဆိုင်ဖွင့်ပွဲမှာ ဖျော်ဖြေပေးပါတယ်။ ဒါပေမဲ့ ရှေးတုန်းက ဒဏ္ဍာရီအဖြစ်သိကြတဲ့ ဂီတကို သဘောကျနှစ်ခြိုက်တဲ့ နတ်ဆိုးလို့ ခေါ်တဲ့ သွေးစုပ်ဖုတ်ကောင်တွေက သူတို့လုပ်ငန်းကို လာနှောင့်ယှက်တဲ့အခါမှာတော့ ဇာတ်လမ်းက Musical ကနေ Horror အဖြစ် ပြောင်းသွားမှာပါ။ ဆိုင်ဖွင့်ပွဲညမှာပဲ သွေးချောင်းစီးပွဲဖြစ်သွားပြီး အသက်လု တိုက်ခိုက်ရပါတော့တယ်။ Jim Crow ခေတ်က လူမည်းတွေရဲ့ဘဝ၊ blue ဂီတယဉ်ကျေးမှုနဲ့သမိုင်းကို ပေါင်းစပ်ဖော်ပြထားပြီး အမေရိကန်အနောက်တောင်ပိုင်းက ကိုးကွယ်ယုံကြည်မှု၊ အယူအဆတွေကိုပါ မြင်ရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း