Song Ci
ငယ္ငယ်က ပေါင်ချိန်ဇာတ်လမ်းတွဲတွေကို ကြိုက်နှစ်သက်တဲ့လူတွေရှိလား? ဒါဆိုရင်တော့ ဒီ ၂၀၂၂ မှာထွက်ရှိခဲ့တဲ့ Song Ci ဆိုတဲ့ဇာတ်ကားလေးက သင့်အတွက်ပါပဲ။ စုန့်စစ်ကတော့ ထင်ရှားတဲ့သေမှုသေခင်းစစ်ဆေးရေးအရာရှိတစ်ယောက်ဖြစ်ပြီး လတ်တလောမှာတော့ မင်းမျက်သင့်ပြီးဌာနကနေအနားယူထားတဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ ရှောင်းဝမ်နဲ့ လွီကျန်းရှန့်ဆိုတဲ့ မောင်နှစ်မနှစ်ယောက်ကစုန့်စစ်ကို သူတို့ဒေသမှာဖြစ်ပေါ်နေတဲ့ နဂါးမင်းကျိန်စာတိုက်မှုကြောင့် လူတွေတစ်ယောက်ပြီးတစ်ယောက်သေနေတဲ့အမှုကို စုံစမ်းပေးဖို့ လာခေါ်ပါတော့တယ်။ တတ်သည့်ပညာ မနေသာဆိုသလို စုန့်စစ်တစ်ယောက် ရှောင်းဝမ်တို့အရပ်ကိုလိုက်ပြီး စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာတော့ အမှုကထင်ထားသလိုမရိုးရှင်းဘဲ နောက်ကွယ်မှာအင်အားကြီးတဲ့ကြိုးကိုင်သူတွေရှိနေမှန်း တစတစပေါ်ပေါက်လာတဲ့အခါ စုန့်စစ်နဲ့ မောင်နှစ်မနှစ်ယောက် အမှုမှန်ပေါ်အောင်ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ သဲလွန်စတွေနောက်ကိုလိုက်ပြီး အမှုကိုဖြည်းဖြည်းချင်းဖြေရှင်းကြပုံကို ရင်တမမနဲ့ကြည့်ရှုရမှာမို့လို့ စုံထောက်ဇာတ်လမ်းတွေကြိုက်နှစ်သက်သူများအတွက် Song Ci ဆိုတဲ့ဇာတ်ကားလေးကို M-Sub Movie ကနေ တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Honey ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း