ဇာတ်ကားများ ရွေးရန်

The Deceased

2025ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကား​လေးက​တော့ အင်ဒိုနီးရှားရိုးရာယုံကြည်မှုဖြစ်တဲ့ ကလီဝန်အင်္ဂါ​နေ့မှာ သေဆုံးသွားတဲ့ မိသားစုအ​ကြောင်းကို အ​ခြေခံရိုက်ကူးထားပါတယ်။ ကလီဝန်အင်္ဂါ​နေ့မှာ လူ​သေသွားရင် ​သေဆုံးသူက ကျန်ရစ်သူမိသားစုကို ၅ရက်အတွင်း ​ခေါ်သွားတတ်တယ်လို့ ယုံကြည်ကြပါတယ်။ အဲဒီ​နေ့မှာ ​သေဆုံးခြင်းဟာ ကံဆိုး​စေတယ်လို့ ယူဆထားကြတာပါ။ ဒီလိုမျိုးကြုံ​တွေ့ရတဲ့အခါ ရိုးရာဓ​လေ့ပန်းကန်ခွဲခြင်းအစီအရင်ကို မိသားစုဝင်အားလုံးလုပ်​ဆောင်ကြရပါတယ်။ ရိုးရာဓ​လေ့ဆိုတာ မပယ်ရှား​ကောင်းဘူးဆိုတာနဲ့ ဒီလို​သေခြင်းတရားက ​နောက်ကလိုက်​နေတယ်ဆိုတာ တကယ်ပဲလား၊ တခြားအ​နှောင့်ပ​ယောဂ​တွေ​​ရော ပါဝင်ပတ်သက်​နေဦးမလားဆိုတာကို ထိတ်လန့်ဖွယ်ရာဇာတ်ဝင်ခန်း​တွေနဲ့ ခံစားကြည့်ရှုရမယ့် အင်ဒိုနီးရှား​ဟော်ရာကား​လေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း