ဇာတ်ကားများ ရွေးရန်

A Widow's Game

2025ဇာတ်ကားWeb-dl 1080p

ဒါက စပိန်နိုင်ငံမှာ 2017 ကတကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးပါ။ ဇာတ်လမ်းအစမှာကတည်းက အလောင်းတစ်ခုကို တွေ့တယ်။ ‌အသတ်ခံရတဲ့သူက အာတူနိုဖြစ်ပြီး သူ့မှာ မာဂျဲလို့ခေါ်တဲ့ ငယ်ငယ်‌ချောချောဇနီးတစ်ယောက်ရှိတယ်။ မာဂျဲက နေ့ချိန်း ညချိန်းနဲ့ တစ်နေ့ကို အလုပ်နှစ်ခုလုပ်ရတဲ့ သူနာပြုမလေးပါ။ မာဂျဲက ရည်းစားလည်းများပြီး အပျော်လည်းမတ်တယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက မာဂျဲအပေါ်မှာ သံသယရှိနေကြတယ်။ ဒီလိုနဲ့စုံစမ်းရင်း ခင်ပွန်းဖြစ်သူကို တစ်ကယ်ပဲ မာဂျဲကသတ်လိုက်တာလား ဒါမှမဟုတ် တခြားသူက သတ်လိုက်တာလား ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ထောက်လှမ်းရေးကားလေးဖြစ်ပါတယ်။ သတိ -- လိင်အသားပေးပြကွက်အချို့ပါဝင်သောကြောင့် 18 မပြည့်သူများ မကြည့်သင့်ပါ။ ဒီဇာတ်ကားမှာ မာဂျဲအဖြစ် မင်းသမီး Ivana Baquero၊ စုံထောက်အရာရှိ အီဗာ အဖြစ် မင်းသမီးကြီး Carmen Machi နဲ့ ဆယ်ဗာအဖြစ် မင်းသား Tristán Ulloa တို့က ပါဝင်ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက AWY ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း