ဇာတ်ကားများ ရွေးရန်

The Kingdom

2024ဇာတ်ကားWeb-dl 1080p

ပြင်သစ်စကားပြော Thriller/ Crime ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ အသက် ၁၅ နှစ်အရွယ် လေစီယာဆိုတဲ့ ကောင်မလေးက အဒေါ်ဖြစ်သူနဲ့ ရွာမှာပဲ အတူတူနေရသူဖြစ်တယ်။ မိခင်ဖြစ်သူက ဆုံးပါးသွားပြီဖြစ်သော်လည်း ဖခင်ဖြစ်သူမှာ လူဆိုးဂိုဏ်းကြီးကြီးတစ်ခုရဲ့ ဂိုဏ်းခေါင်းဆောင်ဖြစ်တော့ တစ်နေရာပြီးတစ်နေရာ လှည့်လည်သွားလာနေသူဖြစ်တယ်။ တစ်ရက် ဂိုဏ်းကလူတစ်ယောက်က သူမကိုလာခေါ်တယ်။ ကျောင်းပိတ်ရက်မှာ သူမဖခင်နဲ့အတူတူ အချိန်ဖြုန်းဖို့ပေါ့။ ဒါပေမဲ့ ဆယ်ကျော်သက်အရွယ် သူမက ရွာမှာပဲချစ်သူနဲ့ပလူးပလဲနေချင်တာကို ကျွန်းပေါ်မှာ လူဆိုးဂိုဏ်းနဲ့ အချိန်ဖြုန်းရမယ်ဆိုတော့ကာ ... ဖခင်ကိုလည်း မကြည်ဖြူတော့ဘူး။ သိပ်မကြာပါဘူး... လူဆိုးဂိုဏ်းအချင်းချင်းတိုက်ပွဲတွေ ဖြစ်လာတဲ့အခါမှာ သားအဖနှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘယ်လိုတွေဖြစ်လာမလဲ.... သူမရော တိုက်ပွဲကြားကနေ လွတ်မြောက်ပါ့မလား.... အညွှန်းနဲ့ ဘာသာပြန်ကိုတော့ LYKZ က တင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း