ဇာတ်ကားများ ရွေးရန်

The Taking Of Tiger Mountain

2014ဇာတ်ကားBlu-ray 1080p

တရုတ်ပြည်ကနေ ဂျပန်တွေစစ်ဆုတ်ခွာသွားပြီးတဲ့နောက် တရုတ်ပြည်မြောက်ပိုင်းမှာ တောပုန်းတွေဟာ ထကြွသောင်းကျန်းနေကြပါတယ်။ဒါကြောင့် PLA တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (People's Liberation Army) အဖွဲ့များနဲ့ သူကုန်အဖွဲ့များဟာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြပါတယ်။သူပုန်အဖွဲ့တွေထဲမှာသိမ်းငှက်ဘုရင်ရဲ့ အဖွဲ့ဟာ လူအင်အား လက်နက်အင်အား အတောင့်တင်းဆုံးဖြစ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့သူ တစ်ယောက်လဲဖြစ်ပါတယ်။ သိမ်းငှက်ဘုရင်ရဲ့ တပ်ဖွဲ့တည်နေရာဟာ အလွန်မြင့်မားတဲ့ချောက်ကမ်းပါးပေါ်မှာတည်ရှိပြီး သူတို့နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်မယ်ဆိုရင် ရှုံးနိမ့်ဖို့က ရာခိုင်နှုန်းများပါတယ်။ ဒါကြောင့် PLA တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (People's Liberation Army) ရဲ့ခေါင်းဆောင်တွေဟာ နည်းပရိယာယ်တွေသုံးဖို့ လိုအပ်လာပါတော့တယ်။PLA တပ်ဖွဲ့ရဲ့ ခေါင်းဆောင် 203ရဲ့ တပ်ဖွဲ့ဟာ လူအင်အားနည်းသော်လည်း တပ်ဖွဲ့ကောင်းတစ်ဖွဲ့ဖြစ်ပါတယ်။ ထို့ကြောင့် တပ်ခေါင်းဆောင်နှင့်အတူ တိုက်ပွဲဝင်လာသော ယန်ဇီရုံဟာ ရန်သူတွေကို အနိူင်တိုက်ရန်အတွက် ရန်သူဌာနချုပ်ဖြစ်သော ကျားတောင်ထဲသို့ ဝင်ရောက်ပြီး သူလျှိုလုပ်ဖို့ အစီအစဉ်တစ်ခုဆွဲခဲ့ပါတော့တယ်။သူတို့ရဲ့ အစီအစဉ်တွေက အောင်မြင်ပါ့မလား အခြေအနေတွေက ဘယ်လိုပြောင်းလဲသွားမလဲဆိုတာနဲ့ သူရဲကောင်းတို့ရဲ့ ရဲစွမ်းသတ္တိ ၊ စွန့်လွှတ်အနစ်နာခံမှု တို့ကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားသော ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း