Samurai Wolf
ယခုတစ်ခေါက် တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ၁၉၆၆ခုနှစ်က ထွက်ရှိခဲ့တဲ့ Samuri wolf လို့ခေါ်တဲ့ Classic ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် အဲ့ဒီခေတ်အခါတုန်းကဆိုရင် တကယ်ကို ပြောစမှတ်တွင်တဲ့ဇာတ်ကားတစ်ကားဖြစ်တာမို့ old school တွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် စိတ်ကျေနပ်မှုရစေမှာ သေချာပါတယ်။ ဇာတ်လမ်းလေးအကျဉ်းချုပ်ကတော့ Kiba ဟာ ခြေဦးတည့်ရာလျှောက်သွားနေတဲ့ ဆာမူရိုင်းတစ်ယောက်ပါ အဲ့ဒီခေတ်မှာက စာတိုက်တွေဟာ ကုန်သွယ်တဲ့နေရာမှာ အဓိကျအချက်အချာကျတဲ့နေရာတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ စာတိုက်အများစုကို အစိုးရက ထိန်းချုပ်ထားပြီး တချို့သောနေရာတွေကိုတော့ ဒေသခံအာဏာပိုင်တွေက ထိန်းချုပ်ထားပါတယ်။ အဲ့မှာ စာတိုက်တွေကို အစိုးရကျောထောက်နောက်ခံနဲ့ ဗိုလ်ကျစိုးမိုးနေတဲ့သူဖြစ်တဲ့ Nizaemon က Chise လို့ခေါ်တဲ့ အမျိုးသမီးဦးဆောင်တဲ့ စာတိုက်တစ်ခုကို မတရားသိမ်းပိုက်ချင်နေပါတယ်။ ဘာလို့ဆို အဲ့စာတိုက်က အချက်အချာကျတဲ့နေရာမှာ ရှိနေပြီး အဲ့နေရာကိုသာရရင် အခကြေးငွေတွေကိုလည်း လိုသလိုထိန်းချုပ်လို့ရမှာဖြစ်ပါတယ်။ အဲဒီမှာ Kiba က လမ်းကြုံရင်း ရောက်လာတော့ သူ့အရည်အချင်းကို မြင်သွားတဲ့ Chise က သူတို့ကို ကူညီပေးဖို့ တောင်းဆိုပါတယ်။ ပုံမှန်ဆို ဖာသိဖာသာနေတတ်တဲ့ Kiba လည်း Chise ကို သနားသွားပြီး ကူညီပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Chise ဟာ ရွှေဒင်္ဂါးသုံးသောင်းကို သူတိုစာတိုက်ကနေ တာဝန်ယူပြီး ပိုဆောင်ပေးရမှာပါ။ တစ်ခုခုမှားယွင်းသွားရင် သူတိုစာတိုက် ပျက်စီးရမယ့်အနေအထားကို ရောက်နေတာပါ။ တစ်ဖက်က Nizaemon ကလည်း Kiba ကို သတ်ဖြတ်ဖို့အတွက် Sanai Akizuki ဆိုတဲ့ လူသတ်သမားကို ငှားရမ်းလိုက်ပြီး Chise တို ရွှေဒင်္ဂါးသုံးသောင်းကို ပို့ဆောင်ပေးဖိုနေ့မတိုင်ခင်မှာ Kiab ကို စီးချင်းထိုးဖို စိန်ခေါ်လိုက်ပါတယ်။ အဲ့မှာ Sanai က kiba ကို သတ်ဖို့လုပ်နေတုန်းမှာပဲ Chise ကို မြင်သွားတော့ Sanai က ရုတ်တရက် စီးချင်းထိုးတာကို နောက်ရက်ရွေ့ဖို့ပြောလိုက်ပါတယ် Chise နဲ့ Sanai ကြားက ပတ်သက်မှုက ဘာလဲ ပြီးတော့ Kiba က ရွှေဒင်္ဂါးတွေကို ဘေးကင်းကင်းနဲ့ပိုဆောင်ပေးနိုင်မလား Chise မှာရော ဘာတွေလျှို့ဝှက်ထားလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုသွားရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…(1.3 GB)/(660 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:15:00 Genre... Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း