ဇာတ်ကားများ ရွေးရန်

Diablo

2025ဇာတ်ကားWeb-dl 4K SDR

ဒီရုပ်ရှင်မှာ အမိုက်စား Action တွေနဲ့ Martial arts တွေကို ဝေဝေဆာဆာ မြင်ရမှာပါ။ အာဏာကြီးပြီး ကြွယ်ဝတဲ့ ဂန်းစတား ဗင်းဆန့်တေနဲ့ အယ်လီဆာတို့သားအဖဟာ အယ်လီဆာရဲ့မိခင်ဖြစ်သူ သေဆုံးပြီးတည်းက အဖေတစ်ခုသမီးတစ်ခု နေလာတာပါ။ တစ်နေ့မှာ ခရစ်စ်ဆိုတဲ့ လူတစ်ယောက် ပေါ်လာပြီး အယ်လီဆာကိုပြန်ပေးဆွဲသွားတယ်။ ခရစ်စ်က ထောင်ထွက်တစ်ယောက်ဖြစ်ပြီး သူ့ကိုယ်သူ အယ်လီဆာရဲ့အဖေရင်းလို့ပါ ပြောနေပေမယ့် အယ်လီဆာကတော့ မယုံပါဘူး။ ဒါပေမဲ့လည်း ခရစ်စ်လက်ကနေ ထွက်မပြေးနိုင်ဘဲ ပါသွားပါတယ်။ အယ်လီဆာရဲ့အဖေ ဗင်းဆန့်တေကလည်း သူ့သမီးကို ပြန်ခေါ်ဖို့ ဆိုက်ကိုလူသတ်သမားကို ငှားလိုက်ပါတယ်။ အယ်လီဆာက ခရစ်စ်နဲ့အတူ ပြေးရင်းလွှားရင်း သူ့မေနဲ့ဗင်းဆန့်တေ သူ့အဖေရင်းတို့ရဲ့ အတိတ်ဖြစ်ရပ်တွေ ခရစ်စ်ထောင်ကျခဲ့တဲ့ အကြောင်းရင်းတွေပါ သိလာပြီး ခရစ်စ်ကို သူ့အဖေအဖြစ် လက်ခံသွားမှာပါ။ ဒီပြန်ပေးဆွဲတဲ့အဖြစ်ကနေ နောက်ဆုံးမှာ ဘာတွေဖြစ်မလဲဆိုတာကတော့ ဆက်လက်ရှုစားကြပါနော်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း