Ace
မင်းသားဗီဂျေးရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ လက်စားချေအက်ရှင်သည်းထိတ်ရင်ဖို စွန့်စားခန်းအပြည့်နဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ထောင်ကထွက်လာတဲ့ ကန်နန်တစ်ယောက်က ဘဝကို ရိုးရိုးရှင်းရှင်းသာမန်လူတစ်ဦးအနေနဲ့ နေထိုင်ချင်ခဲ့ပေမဲ့ အခြေအနေက မပေးခဲ့ပါဘူး။ ချစ်သူရာကူးရဲ့အလုပ်အဆင်ပြေဖို့ လောင်းကစားလုပ်မိရာက ဖဲလိမ်အရိုက်ခံရပြီး လူဆိုးဂိုဏ်း ခေါင်းဆောင်ဆီမှာ သန်းနဲ့ချီတဲ့အကြွေးတွေ တင်ခဲ့ပါတယ်။ လူဆိုးဂိုဏ်းခေါင်းဆောင်က သူ့အကြွေးကို တစ်ပတ်အတွင်းပြန်ဆပ်ခိုင်းတဲ့အချိန်မှာ လိုနေတဲ့ငွေကို ရှာဖွေဖို့အတွက် ဘဏ်ကိုဓားပြတိုက်ရာကနေပြီး သူ့ရဲ့ ဘယ်လိုအရှုပ်အထွေးများထဲကို ဝင်သွားခဲ့ရမလဲ သူ့ရဲ့ သရုပ်မှန်ကရော ဘာလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ Rating 7.2/10 အထိရရှိထားပြီးဟာသဆန်ဆန် ရယ်မောစရာအပြည့်နဲ့ စိတ်ဝင်စားစရာစွန့်စားခန်းများကို ယှဉ်တွဲကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Sin Pwint ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း