Final Destination: Bloodlines
Final Destination franchise ရဲ့ နောက်ဆုံးထွက် Bloodline မှာတော့ မိသားစုတစ်စုထဲမှာ ကျိန်စာသင့်နေတဲ့ ကံတရားကို ပုံဖော်ထားပါတယ်။ ရက်စက်တဲ့ သေပုံသေနည်းတွေ ကံတရားကို စိန်ခေါ်ပုံတွေကို ရသတစ်မျိုးနဲ့ ခံစားနိုင်မှာပါ။ ကောလိပ်ကျောင်းသူဖြစ်တဲ့ စတက်ဖနီဟာ တူညီတဲ့ အိပ်မက်ဆိုးကိုပဲ ထပ်ခါထပ်ခါမက်နေပြီး အဲဒီအိပ်မက်ဟာ 1960 ပြည့်နှစ်တွေတုန်းက အမှန်တကယ်ဖြစ်သွားတဲ့ တာဝါပြိုကျပြီး လူရာချီ သေဆုံးသွားတဲ့ မတော်တဆမှုဖြစ်နေပါတယ်။ အဲဒီအိပ်မက်ထဲမှာ နောက်ဆုံးသေသွားတဲ့လူက သူ့အဘွား အိုင်းရစ်စ်ဖြစ်နေတာပါ။ အဲဒါကြောင့် စတက်ဖနီက အိမ်ကိုပြန်လာပြီး သူ့အဘွားအကြောင်းစုံစမ်းပါတယ်။ ဖြစ်ချင်တော့ အဲဒီတုန်းက accident မှာ သူ့အဘွားက နိမိတ်ကြိုမြင်ပြီး လူတွေအသက်ဆုံးရှုံးမှာကို ကယ်ခဲ့လို့ သေမင်းက အဲဒီထဲပါခဲ့တဲ့ လူတွေအားလုံးကို တာဝန်ကျေပွန်စွာ လိုက်သတ်နေတာပါ။ အထူးသဖြင့် အိုင်းရစ်စ်ရဲ့မျိုးဆက်တွေက အစတည်းက ရှိမလာရမှာဖြစ်တဲ့အတွက် သူတို့မိသားစုအလှည့်ကို ရောက်လာတဲ့အခါမှာတော့ သေမင်းကို လှည့်စားဖို့ ကြိုးပမ်းရင်း ကျိန်စာကနေ လွတ်မြောက်ပြီး အသက်ရှင်မလားဆိုတာ...အဆုံးထိ စိတ်ဝင်စားဖွယ် စီးမျောအားပေးကြပါဦး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း