ဇာတ်ကားများ ရွေးရန်

Lost Bullet 2: Back for More

2022ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားက Lost Bullet (2020) ရဲ့ အဆက်ဖြစ်ပါတယ်။ ပထမကားကို ကြည့်ပြီးရင်တော့ ပိုကြည့်ကောင်းပါတယ်။ လီနိုရဲ့ဆရာ ချားရက်စ် သေဆုံးပြီးနောက် လီနိုနဲ့ ဂျူလီရာတို့က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့အသစ်ကို ဖွဲ့စည်းလိုက်ကြတယ်။ ဇာတ်လမ်းအစမှာ လီနိုက တိုက်ခိုက်မှုတစ်ခုကနေ သေနတ်ဒဏ်ရာနဲ့ ဆေးရုံရောက်နေပြီး သူ့ညီလည်း အသတ်ခံလိုက်ရတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာ ကျူးလွန်ခဲ့တဲ့ မာကိုနဲ့အရက်စကာကို အသည်းအသန်ရှာဖို့ ကြိုးစားတယ်။ သူ့ညီနဲ့ ဆရာသခင်ကို သတ်ခဲ့တဲ့ သူတွေကို ရှာဖွေဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ လီနိုက သူ့လိုက်လံရှာဖွေမှုကို ဆက်လုပ်နေပြီး ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ သူ့လမ်းကြောင်းမှာ အတားအဆီးဖြစ်ခွင့် မပေးဘူး။ Lost Bullet (2020) ရဲ့ အဆက်ဖြစ်တဲ့ Lost Bullet 2 (2022) မှာ လီနိုက မတရားစွပ်စွဲခံထားရသူအဖြစ်ကနေ လွတ်မြောက်ပြီး သူ့အပေါ် သစ္စာဖောက်ခဲ့တဲ့ မဖြောင့်မတ်တဲ့ ရဲတွေကို အလဲထိုးဖို့ ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ပြင်သစ်ဇာတ်ကားတွေရဲ့ ထူးခြားတဲ့ ကားမောင်းဇာတ်အိမ်တွေ ပစ်ခတ်မှုတွေနဲ့ ကြည့်လို့အရမ်းကောင်းတဲ့ အက်ရှင်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ လီနိုအဖြစ် မင်းသား Alban Lenoir၊ ဂျူလီရာအဖြစ် မင်းသမီး Stéfi Celma နဲ့ မာကိုအဖြစ် မင်းသား Sébastien Lalanne တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက AWY ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း