The Secret Mission
ဒီကားလေးကတော့ IMDb 6.9 အထိရထားပြီး ကိုရီးယားနိုင်ငံဟာ ဂျပန်လက်အောက်ကိုကျရောက်တဲ့အချိန် ကိုရီးယားဘာသာစကားအဘိဓာန်ထွက်ပေါ်လာအောင် ကြိုးစားခဲ့ကြတဲ့ သူရဲကောင်းတွေအကြောင်းကို ဖော်ညွှန်းထားတဲ့ ဇာတ်ကားလေးပါ။ ဂင်ဖန်းဆူဟာ ရုပ်ရှင်ရုံစောင့်လုပ်ပေမဲ့ ရုံထဲလာနှိုက်တဲ့ ခါးပိုက်နှိုက်နဲ့အသိတွေမလို့ အလုပ်ထုတ်ခံလိုက်ရပါတယ်။ သားဖြစ်သူကလည်း ဂျပန်ကျောင်းမှာ ကျောင်းလခမပေးနိုင်လို့ တအားရိုက်နှက်ခံရပါတယ်။ ကျောင်းလခမပေးရင် ကျောင်းထုတ်မယ်ဆိုတဲ့စာ အိမ်ကိုပို့လာတာမလို့ ဂင်ဖန်းဆူလည်း ကြံရာမရဘဲ ခါးပိုက်နှိုက်စလုပ်ပါတော့တယ်။ ရူဂျောင်ဟွမ်ကတော့ ကိုရီးယားစာပေအသင်းရဲ့ ဥက္ကဋ္ဌဖြစ်ပြီး ကိုရီးယားအဘိဓာန်ကိုခိုးထုတ်ဖို့ လုံးပန်းနေတဲ့သူပါ။ အသိဆရာတွေဆီကနေ စကားလုံးစုဖို့အတွက်လိုအပ်တဲ့ စာအုပ်တွေသယ်ပြီး ပြန်လာတဲ့လမ်းမှာ ဂင်ဖန်းဆူရဲ့ ခါးပိုက်နှိုက်ခြင်းကို ခံလိုက်ရပါတော့တယ်။ ရူဂျောင်ဟွမ်နဲ့ ဂင်ဖန်းဆူတို့ရဲ့ တွေ့ဆုံမှုက ဒီလိုမျိုးစတင်ခဲ့ပြီး ဘယ်လိုအရာတွေနဲ့ ဆက်ကြုံတွေ့ရမလဲဆိုတာ... ဒီကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း