ဇာတ်ကားများ ရွေးရန်

Mercury Rising

1998ဇာတ်ကားBlu-ray 1080p

မင်းသား Bruce Willis နဲ့ Alec Baldwin တို့ရဲ့ Thriller/ Action ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ‘အာ့ထ်ဂျက်ဖရီ’က FBI ရဲ့ အသွင်ယူ အထူးအေးဂျင့်တစ်ဦးဖြစ်ပြီး ဇာတ်လမ်းစစချင်းမှာပဲ ဘဏ်ဓားပြတိုက်မှုတစ်ခုမှာ ပြဿနာတက်ကာ ရုံးထိုင်ဘဝကို ရောက်သွားပါတော့တယ်။ တစ်ဖက်မှာတော့ ဆိုင်မွန်ဆိုတဲ့ ၉နှစ်အရွယ်ကလေးတစ်ယောက်က ပဟေဠိတွေကို အဖြေရှာရတာ ကြိုက်နှစ်သက်တဲ့ အော်တစ်ဇင်ဖြစ်နေသူလေးပါ။ တစ်ရက် မဂ္ဂဇင်းတစ်ခုရဲ့ နောက်ကျောမှာပါတဲ့ ကုတ်တစ်ခုကိုဖြည်လိုက်နိုင်ကာ အဲဒီကုတ်မှာပါတဲ့ ဖုန်းနံပါတ်ကို သွားဆက်လိုက်ပါတော့တယ်။ သူဖြည်လိုက်နိုင်တဲ့ကုတ်က နိုင်ငံတော်လုံခြုံရေးအေဂျင်စီကနေ ဘီလီယံပေါင်းများစွာသုံးပြီး ဝှက်စာကို ဖော်ထုတ်နိုင်တဲ့လူများရှိမလားဆိုပြီး စမ်းသပ်တဲ့အနေနဲ့ မဂ္ဂဇင်းထဲကိုထည့်ထားတာပါ။ ဘီလီယံနဲ့ချီပြီး ဝှက်စာကိုရေးကာ အထက်လွှတ်တော်အထိ တင်ထားပြီးမှ ၉နှစ်သားလေးတစ်ယောက်က ဝှက်စာကို ဖော်နိုင်တယ်ဆိုတော့ အဲဒီအေဂျင်စီလည်း ပျားတုပ်ပါပြီ။ ကလေးကိုဖြောင်ဖို့လာပေမယ့် ကလေးရှာမတွေ့လို့ မိဘတွေကိုပဲ သတ်လိုက်ရပါတော့တယ်။ အဲဒီမှာ ရုံးအလုပ်ပဲလုပ်နေရရှာတဲ့ အထူးအေးဂျင့်ကြီးလည်း ကလေးပျောက်တဲ့အမှုဆိုပြီး ဒီတိုင်းသေးသေးမွှားမွှားအမှုပဲထင်ကာ လိုက်စစ်ဆေးရင်း ကလေးကိုရှာတွေ့လိုက်တဲ့အပြင် အန္တရာယ်ကျရောက်နေတာကိုပါ သိလိုက်ရတဲ့အခါ...။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ LYKZ က တင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း