ဇာတ်ကားများ ရွေးရန်

Pulung Gantung

2025ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကား​လေးက​တော့ ပူလွန်ဂန်တွန်ဆိုတဲ့ နတ်ဆိုး ပူးကပ်ခံရတဲ့အ​ကြောင်းကို ဇာတ်လမ်းဆင်ရိုက်ကူးထားပါတယ်။ ​ဒီနတ်ဆိုးပူးကပ်ခံရတဲ့သူဟာ အသိစိတ်လွတ်သွားပြီး ကိုယ့်ကိုယ်ကို ကြိုးဆွဲချ​​သေခြင်းနဲ့ ဘဝ​နိဂုံးချုပ်ရပါတယ်။ ဒီဇာတ်ကား​လေးမှာ​တော့ ရီယန်ဟာ ဖခင်ဖြစ်သူ ​သေဆုံးသွားလို့ သူတို့ရဲ့​မွေးရပ်​မြေရွာ​လေးကို ပြန်ရဖို့ ဖြစ်လာပါတယ်။ ဆယ်နှစ်​ကျော်ခွဲ​နေရတဲ့ ဖခင်နာ​ရေးမို့ သွားချင်​ပေမယ့် မိခင်ဖြစ်သူက ခွင့်မပြုတာမို့ သူငယ်ချင်း​တွေနဲ့အတူ ထွက်လာခဲ့ကြတာပါ။ ရီယန်တို့​ရောက်သွားတဲ့အချိန်မှာ​တော့ ဖခင်ဖြစ်သူရဲ့နာ​​ရေးကို မမှီလိုက်ပဲ ပူလွန်ဂန်တွန်​ကြောင့် ​သေဆုံးခဲ့ရတာဖြစ်​ကြောင်း သိခဲ့ရပါတယ်။ ရွာထဲမှာလည်း နတ်ဆိုးသတ်လို့ ​သေသူအများပြားရှိ​​နေတာကို သိလိုက်ရကာ အ​ဖော်လိုက်လာတဲ့ သူငယ်ချင်းချစ်သူ​လေးကို ပူးကပ်ခံလိုက်ရတဲ့အချိန်မှာပဲ နတ်ဆိုးလက်က ကယ်တင်ဖို့ ကြိုးစားရပါ​တော့တယ်။ နတ်ဆိုးစတင်အသက်ဝင်လာတဲ့အ​ကြောင်းနဲ့ အတိတ်ကဖြစ်ရပ်​တွေကို သိသွားတဲ့အခါမှာ​တော့...... ရီယန်တစ်​ယောက် နတ်ဆိုးလက်ကလွတ်​မြောက်​​​အောင်ကြိုးစားရပုံကို စိတ်​ခြောက်ခြားစရာဇာတ်ဝင်ခန်းများစွာနဲ့ ခံစားကြည့်ရှုရမယ့် အင်ဒို​ဟော်ရာကား​လေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း