ဇာတ်ကားများ ရွေးရန်

Eleven

2025ဇာတ်ကားWeb-dl 1080p

ဗီဇာ့မြို့လေးမှာ ကြောက်စရာကွင်းဆက်လူသတ်မှုများဆက်တိုက်ဆိုသလို ဖြစ်လာခဲ့ပါတယ်။ လူသတ်ပြီးတာနဲ့ အလောင်းကိုဓာတ်ဆီနဲ့လောင်းပြီး မီးရှို့သတ်ဖြတ်ခဲ့တဲ့အတွက် သေဆုံးသူက ဘယ်သူဘယ်ဝါဆိုတာ မသိရဘဲ လူ၆ ယောက်ထိ သေဆုံးမှုများဖြစ်လာခဲ့ပါတယ်။ ရဲဌာနရဲ့အစွမ်းအစကို မီဒီယာနဲ့ပြည်သူက မေးခွန်းတွေထုတ်လာခဲ့ပြီး ရဲဌာနအနေနဲ့လည်း သဲလွန်စမကျန်တဲ့ လူသတ်မှုတွေကို ဖော်ထုတ်ဖို့အတွက် အခက်တွေ့နေခဲ့ပါတယ်။ အဲဒီအချိန်မှာတာဝန်ခံ စုံစမ်းရေးမှူးက ကားမတော်တဆမှုဖြစ်ပြီးဆေးရုံကိုရောက်သွားတဲ့အချိန်မှာ အမှုအခင်းများကို ကောင်းကောင်းကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ရဲအရာရှိအာရာဗစ်ကို ကိုယ်စားတာဝန်ယူဖို့ အမှုတွေကို လွဲပေးလိုက်ပါတယ်။ ရဲအရာရှိအာရာဗစ်ကရော ထူးဆန်းထွေလာလူသတ်မှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲ။ IMDP 7.5/10 အထိရရှိထားတဲ့အိန္ဒိယ လက်စားချေအက်ရှင်ဇာတ်လမ်းကောင်းလေးဖြစ်လို့ ပဟေဠိများကိုအဖြေရှာကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Sin Pwint ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း