ဇာတ်ကားများ ရွေးရန်

Hua Mulan

2020ဇာတ်ကားBlu-ray 1080p

ဒီဇာတ်ကားလေးကတော့ အားလုံးသိကြမဲ့ နာမည်ကြီးကာတွန်းကားဖြစ်တဲ့ မူလန်ကို live action ပြန်ရိုက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ မြောက်ပိုင်းဝေမင်းဆက်ခေတ်မှာ ရော့ရန်တွေက မြောက်ပိုင်းဒေသကို ကျူးကျော်လာတဲ့အခါ ဝေမင်းဆက်ရဲ့တိုင်းပြည်က ပြည်သူတွေအကုန်စစ်မှုထမ်းရဖို့ ဖြစ်လာပါတယ်။ မိန်းကလေးပေမဲ့ ပန်းထိုး၊ ဇာထိုးတာတွေဝါသနာမပါဘဲ ကိုယ်ခံပညာမှာထူးချွန်တဲ့ ဟွားမူလန်တို့အိမ်ကိုလည်း စစ်မှုထမ်းဖို့အမိန့်စာ ကျရောက်လာတဲ့အခါ... အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ ဖခင်ကိုစိတ်မချတဲ့မူလန်က ဖခင်ကိုယ်စားယောက်ျားလေးယောင်ဆောင်ပြီး စစ်ထဲဝင်ဖို့ပြင်ဆင်ပါတော့တယ်။ မူလန်တစ်ယောက် ကြမ်းတမ်းတဲ့စစ်မြေပြင်မှာယောက်ျားတွေနဲ့တန်းတူ ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်ရပုံတွေ၊ မိန်းကလေးတစ်ယောက်ရဲ့ ရဲစွမ်းသတ္တိအပြည့်နဲ့ တိုက်ခိုက်ပုံတွေကို အတူတူကြည့်ရှုခံစားလိုက်ကြရအောင် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Honey ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း