Chang An
ဒီဇာတ်ကားလေးဟာ Rating 8.3 ထိရထားပြီး ၂၀၂၃ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး Animation ရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အန်းလုရှန်း(အန်းရှီ)ပုန်ကန်မှုအပြီး နှစ်အနည်းငယ်အကြာမှာ သာ့ထန်ပြည်ရဲ့နယ်စပ်ခံတပ်ဖြစ်တဲ့ ယွမ်ရှန့်ခံတပ်ဟာ ကာကွယ်မှု အားနည်းနေခဲ့ပါတယ်။ ထိုအခြေအနေကို ထူပေါ်စစ်တပ်မှ အခွင့်ကောင်းကိုယူပြီး ယွမ်ရှန့်ခံတပ်ထိုးစစ်ဆင်ခဲ့တာကြောင့် အုပ်ချုပ်ရေးမှူးကောင်းရှစ်ဟာ လုရွှေခံတပ်သို့ ဆုတ်ခွာခဲ့ရပါတော့တယ်။ထိုအချိန်မှာ ချန်အန်းမြို့ဟာလည်း အန္တရာယ်ကြားထဲမှာ ကျရောက်နေခဲ့ရပါတယ်။ ထိုသို အမျိုးမျိုးသော ဘေးဒုက္ခတွေကြားမှာ အုပ်ချုပ်ရေးမှူးကောင်းရှစ်ဟာ ကျဆုံးလုနီးပါးဖြစ်နေတဲ့မြို့မှာ အင်အားကုန် တောင့်ခံထားပြီး စစ်ကူလာမယ့်အချိန်ကို စောင့်နေခဲ့ပါတယ် ။အဲဒီအချိန်မှာ မမျှော်လင့်ထားတဲ့ ဧည့်သည်တစ်ယောက်ဟာ ကောင်းရှစ်ထံ ရောက်လာပြီး သူ့၏ အရင်းနှီးဆုံးမိတ်ဆွေ လီပိုင်နဲ့ သူ့ရဲ့ တွေ့ဆုံမှုအကြောင်းကို အစအဆုံးမေးမြန်းခဲ့တာကြောင့် သူဟာ သူနဲ့လီပိုင် ငယ်ရွယ်စဉ်အခါက တွေ့ဆုံပြီး ဝါသနာတူကာ ကဗျာတွေရေးဖွဲ့သီစပ်ခဲ့ပုံ နှင့် သူ့တို့ဘ၀ရဲ့ဖြတ်သန်းခဲ့ရပုံတွေကို နောက်ကြောင်းပြန်လည် ပြောပြခဲ့ပါတော့တယ်။ဇာတ်လမ်းလေးထဲမှာ ကောင်းရှစ်နဲ့ လီပိုင်တို့ရဲ့ ဘဝအထွေထွေ ဖြတ်သန်းခဲ့ရပုံနဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ အကြပ်အတည်းကနေ လွတ်မြောက်အောင် အုပ်ချုပ်ရေးမှူးကောင်းရှစ်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရှူရမှာပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း