Haunting of Mount Gede
ဒီဇာတ်ကားလေးကတော့ မိုင်ယာအက်ဇ်ကာဆိုသူ အမျိုးသမီးတစ်ယောက်ရဲ့ကိုယ်တွေ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို အခြေခံရိုက်ကူးထားတဲ့ အင်ဒိုဟော်ရာကားလေး ဖြစ်ပါတယ်။ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရဲ့ ကြေကွဲဖွယ်ဖြစ်ရပ်လေးပါ။ မိုင်ယာနဲ့ အီတာတို့ဟာ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ခင်ပြီး သံယောဇဥ်ရှိကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ပါတယ်။ ကျောင်းအားလပ်ရက်ရတုန်း သူငယ်ချင်းနှစ်ယောက်အတူတူ အမှတ်တရကောင်းတွေကို ဖန်တီးနေကြတာပါ။ တစ်နေ့ မိုင်ယာ့အစ်ကိုတို့သူငယ်ချင်းအဖွဲ့ နတ်ကြီးတယ်လို့ လူသိများတဲ့ ဂစ်ဒီတောင်ကို တောင်တက်ခရီးထွက်ဖို့ ဖြစ်လာကြပြီး မိုင်ယာတို့သူငယ်ချင်းနှစ်ယောက်ပါ အတူလိုက်ပါဖို့ ဖြစ်လာပါတယ်။ ဒီတောင်တက်ခရီးစဥ်တစ်လျှောက် ထိတ်လန့်စရာဖြစ်ရပ်တွေ ကြုံတွေ့ရပုံကို သေချာလေးပုံဖော်ရိုက်ကူးထားပါတယ်။ တောတောင်တွေဟာ နယ်မြေကြမ်းတမ်းလို့ အပြုအမူအပြောအဆို ဆင်ခြင်ရပါတယ်။ မသိလိုက်ပဲ အမှားအယွင်းပြုမိခဲ့ပါက ဒုက္ခရောက်ရပုံကို ထိတ်လန့်ဖွယ်ရာ ဇာတ်ဝင်ခန်းများစွာနဲ့အတူ ခံစားကြည့်ရှုရမယ့် အင်ဒိုဖြစ်ရပ်မှန်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း